အသက် ၁၀၃ နှစ်အရွယ်အဘွားအိုကို အသက် ၈၃ နှစ်အရွယ် အဘိုးအိုက အဓမ္မကျင့်ရန် ကြံစည်မှုဟာ နေပြည်တော်တွင်ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ မမို (အမည်လွှဲ) ဟာ ကြက်သားခွဲရန်သွားနေစဉ် အိမ်နီးချင်းဖြစ်သူဟာ မမို၏ အဘွားရှိနေတဲ့ အိမ်ထဲသို အဘိုး ဦးမှီဝင်နေတာကိုတွေ့ခဲ့ကြောင်း မမိုကိုပြောသဖြင့် မမိုက အိမ်သို့ပြန်ကာ အဘွားဖြစ်သူအိပ်နေသည့် ခြင်ထောင်ထဲသို့ လှန်ကြည့်ရာ အဘိုးဦးမှီ မှ အဘွားရဲ့ ပါးစပ်ကို ပိတ်ကာ အဓမ္မကျင့်ရန်ကြံစည်နေသည်ကိုတွေ့သဖြင့် ဦးမှီအား ခြင်ထောင်အတွင်းမှ ဆွဲထုတ်ခဲ့သည်။

ဦးမှီက တောင်းပန်ကာ ထွက်ပြေးသွားခဲ့သည်။ အနိုင်ကျင့်ခံရတဲ့ အဘွားအိုမှာ မျက်မမြင်ဖြစ်သည့်အတွက် အကယ်၍ များသူမရဲ့ မြေးမလေး မရောက်လာလျှင်မတွေးဝံ့စရာဖြစ်သည်။ ကြားရသူအဖို့မှာ ရယ်ချင်မည်ဖြစ်သော်လည်း အဘွားအိုမှာတော့ အသက် ၁၀၃ နှစ်ရှိမှ ဒီလိုအဖြစ်မျိုးကြုံရသည်မှာ ဝမ်းနည်းစရာပင်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။