ဘယ်လိုနေရလဲ ဘယ်လိုထိုင်ရမလဲ ဆိုတဲ့ သင်ခန်းစာတွေ အများကြီးရလိုက်ပါတယ် ဆိုတဲ့ ကျော်ကိုကို

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ဥရောပသို့ခြေစမ်းပွဲများ သွားရောက်လေ့ကျင့်ကစားခဲ့ရာ တိုက်စစ်မှူ းကျော်ကိုကိုကို အသင်းမှ ပြန်လည်စေလွှတ်ခဲ့ကြောင်းသိရပါတယ်။ ဥရောပ ခရီးစဉ်မှာ ဘာတွေဖြစ်ခဲ့လို့ ကျော်ကိုကိုကို ထုတ်ပယ်ခဲ့ရတာလဲ။ အသင်းချုပ်အနေနဲ့ကတော့ နည်းစနစ်နဲ့အံမဝင်လို့ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ တစ်ချို့ကကျတော့လည်း ကျော်ကိုကိုက နည်းပြစကားနားမထောင်ဘဲ တစင်ထောင်လို့ ဒီလိုဖြစ်ရတာဆိုပြီး ပြောဆိုသံတွေထွက်လာခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျော်ကိုကိုကတော့ "ကျွန်တော်ညံ့လို့ပါ" ဆိုတဲ့ စကားတစ်ခွန်းနဲ့ ပြသနာတွေကို မီးငြိမ်းစေခဲ့တယ်လို့ သိရပါတယ်။

ဒီလို မြန်မာ့လက်ရွေးစင်အသင်း ပြန်လည်ရောက်ရှိခဲ့သော်လည်း နည်းပြက ဖွယ်ဖွယ်ရာရာပြန်လည်ဖြေရှင်းပြခြင်းမရှိခဲ့တဲ့အပြင် မီဒီယာတွေကို သတင်းယူခွင့် ကန့်သတ်လိုက်ပါတယ်။ ဒီလိုနဲ့ ကာယကံရှင်နဲ့ ကိုယ်တိုင်ဆုံပြီး မေးမြန်းခဲ့ပါတယ်။ ပြသနာတစ်ခုလုံးကို မီးမောင်းထိုးမပြနိုင်ခဲ့ပေမယ့် ၆၀ ရာခိုင်နှုန်းလောက်ကိုတော့ ထင်ဟပ်ပြသနိုင်ပါတယ်။ တစ်ချို့အကြောင်းအရာတွေကိုတော့ ကစားသမားအချို့ ထိခိုက်နစ်နာမှာ စိုးရိမ်တဲ့အတွက် ထိန်ချန်ထားခဲ့တာ ဝန်ခံပါရစေ။

မေး >>> ဥရောပမှာ ဖြစ်ခဲ့တဲ့ ပြသာနာတွေ အကြောင်း မမေးခင် မှာ ၂၀၁၄မှာ ကျင်းပခဲ့တဲ့ ယူ-၂၂ ပြိုင်ပွဲမှာ ဂတ်နဲ့ ပြသာနာ ဖြစ်ခဲ့ပုံ လေးကိုလည်း နည်းနည်းလောက် ရှင်းပြပေးစေချင်ပါတယ်။ ဒီပြိုင်ပွဲ မတိုင်ခင်မှာ ကျော်ကိုကိုက မင်္ဂလာဆောင်လိုက်တယ်။ ပြီးမှ အသင်း နောက်ကို လိုက်ရတာလို့ သိရတယ်။ ပြသာနာတွေ ဖြစ်တယ်။ ဒါလေး ရှင်းပြပေးပါဦး ?????

ဖြေ >>> ဟုတ်ပါတယ်။ ဒီပြိုင်ပွဲမတိုင်ခင်မှာ မင်္ဂလာဆောင်လိုက်တဲ့ အတွက် အသင်း နောက်ကို နောက်မှလိုက်ခဲ့ရတယ်။ အသင်းက ထိုင်းကို ကြိုရောက်နေတယ်။ ကျနော်ရောက်သွားတဲ့အချိန်မှာ ခရီး ပန်းလာတဲ့အတွက် နည်းပြဆရာတစ်ယောက်ကို ခွင့်တောင်းခဲ့တယ် ။ သူကလည်း ခွင့်ပေးခဲ့တယ်။ ကျနော်မှားသွားတာက နည်းပြချုပ်ကို သွားမပြောလိုက်မိဘူး။ဒါနဲ့ ကျနော် အေးဆေးနားလိုက်တယ်။ မကြားဘူး။ နည်းပြလာတယ်။ မင်းဘယ်လိုလုပ်တာလဲ ? ရောက်ရဲ့ သားနဲ့ အသင်းနဲ့ဘာလို့ မပူးပေါင်းတာလဲ? ဒါမျိုးနောက်မဖြစ်ဖို့ ကျနော့် ကိုသတိပေးသွားတယ်။ ဒါနဲ့ ကျနော်တို့ အိုမန်ရောက်သွား တယ်။ ပထမဆုံးပွဲမှာပဲ ကျနော် ဒဏ်ရာရသွားတယ်။ ဆရာဝန်ကို ပြောတယ်။ ကျနော်ဒဏ်ရာရနေတယ်။ ဒါ့ကြောင့် သူခွင့်ပြုချက်နဲ့ နားခဲ့တယ်။ ဖြစ်ချင်တော့ နည်းပြက ဒုတိယပွဲအတွက် ကျနော်ကို ၁၈ယောက် စာရင်းထဲမှာ ထည့်ထားလိုက်တယ်။ ကျနော်ကလည်း ခြေထောက်နာနေတဲ့အတွက် ဝတ်စုံတွေ ယူမသွားဘူး။ ကိုယ် မကစားရဘူးလို့ ထင်တာကို ။ အဲ့ဒီမှာ နည်းပြဆရာက ကျနော်ကို အပြစ်ပေးတယ်။ အသင်းနဲ့ အတူတူလေ့ကျင့်ခန်း မဆင်းရဘူး။ ထမင်းတောင်မစားရဘူး။ ဒါကကျနော် ဂတ်နဲ့ စဖြစ်ခဲ့တဲ့ ပြသာနာပါ ။

မေး>>> ဒီပြိုင်ပွဲရဲ့ နားလည်မှုလွဲမှုတွေက ဥရောပမှာ ရိုက်ခတ်ခဲ့တာလာ ???

ဖြေ >>> ဒါလည်းပါကောင်း ပါနိုင်ပါတယ်။ နည်းပြက ကျွန်တော့် ကို လုံးဝမကြိုက်ဘူး။ အမှန်အတိုင်းပြောရရင် ကျနော့်ကို ဘယ်သူ ရွေးလို့ ရွေးမှန်းတောင်မသိဘူး။ နည်းပြကလည်း မရွေးဘူး။ မြန်မာ နည်ပြဘက်ကလည်း မရွေးဘူး။ ဒါဆိုကျနော့်ကို ဘယ်သူရွေးတာလဲ ။

မေး >>> အပြင်မှ သတင်းထွက်တယ်။ မင်းတို့တွေ Gym သွား ကစားလို့ နည်းပြက စိတ်ဆိုးပြီး ပြန်လွတ်တယ်တဲ့။ အဲ့ဒါ ဟုတ်လား ???

ဖြေ >>> ဒါကဒီလိုရှိတယ် အကိုရဲ့။ အကိုလည်း သိပါတယ်။ ကျနော်က ကလပ်အသင်းမှာပဲ ဖြစ်ဖြစ် လက်ရွေးစင်အသင်းမှာပဲ ဖြစ်ဖြစ် အမြဲလိုလို Gym ကစားဖြစ်တယ်။ ဒါကလည်း ကျနော့် ကြံ့ခိုင်မှု အတွက်ပါ။ ဒီလိုကစားလို့လည်း နည်းပြကြီးက ကျနော့် ကို ချီးကျူးခဲ့ဘူးတယ်။ သူပထမဆုံးလက်ရွေးစင်နည်းပြ ဖြစ်ဖြစ်မှာပဲ ကျနော် Gym.ကစားတာကို တွေ့သွားတယ်။ ကျနော့်ကိုချီးကျူးခဲ့ တယ်။ "ပရိုဆိုတာအဲ့ဒါပါပဲတဲ"ပြီးခဲ့တဲ့ လေးပွင့်ဆိုင် ပြိုင်ပွဲတုန်းက လည်း ကျနော် ၁ယောက်တည်းကိုပဲ Gym.ကစားခိုင်းခဲ့တယ်။ အခု ကျနော်က ပွဲမကစားရတော့ဘူးဆိုတော့ Gym.သွားကစား တယ်။ အပြင်မှာ သတင်းတွေထွက်နေသလို ကျနော်ကဆွယ်လို့ သီဟဇော် ပါလာတာမဟုတ်ပါဘူး။ Gym.ခန်းမရဲ့ သော့ကို အသင်းရဲ့ အကြောပြင်ဆရာက ယူထားတယ်။ အကြောပြင်ဆရာ နဲ့ သီဟဇော် က တစ်ခန်းတည်း။ ကျနော်က အခန်းသော့တောင်းတဲ့ အတွက် သူလိုက်ဖွင့်ပေးတယ်။အဲ့ဒီမှာ သီဟဇော်ကပါ လိုက်မယ် ဆိုပြီး ဖြစ်သွားတာ။ ကျနော်တို့ gym.ကစားနေတဲ့အချိန်အတွင်း မှာ နည်းပြက လာပြောတယ်။ ဘယ်သူ့အိုိင်ဒီယာနဲ့ ကစားတာတာ လဲတဲ့။ အဲ့ဒီမှာ သီဟဇော် ကပြန်ပြောလိုက်တယ်။ နည်းပြက စ်ိတ်ဆိုးသွားတယ်။ နောက် ဘာဖြစ်သွားလဲ ကျနော် မသိတော့ဘူး။

မေး >>> ပြောကြတယ်။ ဥရောပခရီးစဉ်မှာ ကျော်ကိုကိုက တစ်စင် ထောင်ပြီး နည်းပြစကားကိုလည်း နားမထောင်ဘူးတဲ့???

ဖြေ >>> ကျနော်တစ်စင်ထောင်တာ မဟုတ်ပါဘူး။ ဒါမျိုးလည်း ကျနော် ဘယ်တော့မှ မလုပ်ပါဘူး။ ကိုယ့် အလုပ် ကိုယ်ပဲ ကောင်းအောင် လုပ်တာပါ။

မေး >>> အကိုကြားတယ်။ ပြီးခဲ့တဲ့ ယူ-၂၂ပွဲတုန်းက ကျော်ကိုကို ကို နည်းပြက မရွေးချင်ဘဲနဲ့ တိုက်တွန်းလို့ ရွေးလိုက်ရတာတဲ့။ အဲ့ဒါကော ကြားလား ???

ဖြေ >>> ကြားတာပေါ့အကိုရယ်။ နည်းပြကြီးက ကျနော့်မှ မဟုတ်ဘူး စီနီယာကစားသမားတွေကို ဘယ်သူမှ မရွေးချင်တာ။ ဒီယူ-၂၂ ပြိုင်ပွဲကို သူ့အသင်းနဲ့ သွားချင်တာ။ တာဝန်ရှိသူတွေက တော့ ထိန်းဖု်ိ့ ကျနော်တို့ကိုရွေးလိုက်တယ်။ နားလည်မှုတွေ လွဲပီး ပြသာနာတွေ ဖြစ်ကုန်တယ်။

မေး >>> ဥရောပခရီးစဉ်မှာ ကျော်ကိုကိုတို့ ရန်ဖြစ်တယ်ဆိုတဲ့ အသံတွေလည်း ထွက်တယ်။ အဲ့ဒီ့အပေါ်မှာရော ဘာများ ပြောချင်လဲ ???

ဖြေ >>> ရန်ဖြစ်တာ မဟုတ်ပါဘူး။ တစ်ချို့က ဒါကို ပြသာနာလို့ ပြောကြတယ်။ ဒါဟာပြသာနာ မဟုတ်ပါဘူး။

မေး >>> နည်းစနစ်နဲ့ အံမဝင်လို့ ပြန်လွတ်လိုက်တဲ့အပေါ်မှာရော ဘာများ ပြောချင်လဲ???

ဖြေ >>> နည်းပြက ကျနော့်ကို အစွန်ထွက်ကစားခိုင်းတယ်။ ပြီးခဲ့တဲ့ လေးပွင့်ဆိုင်ပြိုင်ပွဲမှာ အစွန်နေရာကစားပြီး ခြေစွမ်းပြခဲ့တယ်။ဒါကု်ိ နည်းပြကြီးက သိထားတယ်။ဒါကြောင့် ဒီနေရာမှာ သုံးတယ်။ ဒါပေမယ့် ကျနော်ခြေစွမ်း မပြနိုင်ခဲ့ဘူး။ ဒါကြောင့် နည်းစနစ်နဲ့ အံမဝင်ဘူးလို့ ကျနော် ခေါင်းစဉ်တပ်ခံလိုက်ရတယ်။

မေး >>> ကျော်ကိုကို က တောင်ပံမှာ ကစားဖူးတယ်။ ဟောင်ကောင်နဲ့ ပွဲမှာလည်း တောင်ပံမှာ ကစားခဲ့တယ်။ ခြေစွမ်းပြ နိုင်တယ်။ အခု ဥရောပခြေစမ်းပွဲတွေမှာ ခြေစွမ်းမပြနိုင်တာ ဘာကြောင့်လဲ ???

ဖြေ >>> ခရီးပန်းတာလည်းပါမယ်ထင်တယ်။ ကျနော့် စိတ်တိုင်းကျ မကစားနိုင်ခဲ့ဘူး။ အရင်တုန်းက ကျနော်ဒီနေရာမှာ ခြေစွမ်းပြခဲ့တာ မှန်ပါတယ်။ ခရီးပန်းလာတာ ! ပွဲပန်းလာတာကြောင့် ခြေစွမ်း မပြနိုင်တာပါ။

မေး >>> အစားအသောက်ပိုင်းမှာလည်း ပြသာနာတစ်ချို့ ရှိခဲ့တယ် လို့ အသံထွက်တယ်။ မင်းတို့ကို ဘယ်နေရာမှာ ထားလို့ အသံထွက် လာတာလဲ???

ဖြေ >>> အစားအသောက်မကောင်းဘူးဆိုတာက ဒီလိုပါပဲ။ သူတို့ အစားအသောက်ကို ကျနော်တို့ မစားနိုင်တာပါ။ ကျနော်တို့ဆီက ယူသွားတဲ့ အစားအသောက်တွေကလည်း ကုန်သွားပြီ။ အဲ့ဒီမှာ သူတို့ ကျွေးတာကိုပဲ ကြိုက်ကြိုက် မကြိုက်ကြိုက် စားခဲ့ရတယ်။ ထားတာကတော့ သင်တန်းကျောင်း ၁ခုမှာပေါ့။ ဒီ့ပြင်တစ်ခြား အသင်းတွေ လာတည်းတာတွေလည်း ရှိတယ်။ ကျနော်တို့က တော့ ရက်ရှည်ပေါ့။

မေး >>> အကိုနဲ့ တစ်ခါအင်တာဗျူးဘူးတယ်။ ကျော်ကိုကို ဟန် ကို ပြင်တော့မယ်လို့ ပြောတယ်။ အခုပြသာနာ ဖြစ်သွားတယ်။ ဟန် မပြင်နိုင်လို့လား???

ဖြေ >>> ကျနော်လည်း တတ်နိုင်သလောက် ပြင်ခဲ့ပါတယ်။ အခုပြသာနာက ဘာကြောင့်မှန်းကို မသိတာပါ။

မေး >>> နည်းပြတွေနဲ့ ပြသာနာတတ်တဲ့ ကစားသမား ! ကွင်းထဲ မှာ ရပ်နေတဲ့ ကစားသမားဆိုပြီး ဝေဖန်ကြတယ်။ အဲ့ဒီအပေါ်မှာရော ဘာများ ပြောချင်သလဲ.???

ဖြေ >>> ကျနော်နည်းပြတိုင်းနဲ့ ပြသာနာ မဖြစ်ပါဘူး။ ပတ်ဆောင်ဟွာ နဲ့ အခုနည်းပြနဲ့ ပြသာနာ ဖြစ်ခဲ့တယ်။ကွင်းထဲမှာ ကျနော်ရပ်နေတယ်ဆိုတာက ကျနော်ဟာ အထောင်တိုက်စစ်မှူး ၁ ယောက်ပါ။ ကျနော့်ရဲ့ အဓိက တာဝန်က ဂိုးသွင်းရဖု်ိ့ပါ။ ဒါကြောင့် ကျနော်ဟာ အခြေအနေ နဲ့ အချိန်အခါကို ကြည့်ပြီး လှုပ်ရှားရတဲ့ အတွက်အများ အမြင်မှာ ရပ်နေတယ်လို့ ထင်ကောင်းထင်သွားကြ တာပါ။ ဒီ့အတွက်လည်း ကျနော်က ပြင်စရာရှိတာ ပြင်သွားမှာပါ။

မေး >>> အခုပြသာနာတွေဖြစ်ပြီး ကျော်ကိုကို အနေနဲ့ ဘာတွေ သင်ခန်းစာရခဲ့လဲ ???

ဖြေ >>> သင်ခန်းစာတွေအများကြီးရပါတယ်။ ဘယ်လိုနေမလဲ ! ဘယ်လိုထိုင်မလဲ ဆိုတာလဲ သိခဲ့ရတယ်။ လက်ရှိအချိန်မှာ ကျနော်ဟာ ၁၅ ပဲရည်ပဲ ရှိတော့တယ်။ အခေါက်ရွှေလို တန်ဖိုး မြင့်လာအောင် ကြိုးစားရမယ်။ ကျနော်ယုံကြည်တယ်။ ကျော်ကိုကို ဘဝ မပြီးသေးဘူး။ ကျနော်ဟာ လက်ရွေးစင်ဖြစ်ဖို့ ငယ်ငယ်လေးက တည်းက အိမ်မက် မက်ခဲ့ရသူ ၁ယောက်ပါ။ ကျနော်ဘောလုံးသမား ဘဝက မနားမချင်း လက်ရွေးစင် ဖြစ်ဖို့ မျှော်လင့်နေဦးမှာပါ။ ဒီ့အတွက် ကျနော့်ဘက်က ပြင်ဆင်စရာရှိတာ ပြင်ဆင်သွားမယ်။ ဥရောပ ခရီးစဉ်မှာ သင်ခန်းစာအများကြီး ရလိုက်ပါတယ်။

ဖေ့စဘုတ်သုံးစွဲသူတစ်ဦး၏ post ကိုပြန်လည်ကူးယူဖော်ပြခြင်းသာ ဖြစ်သည်။

Source: Ko Nay Ko

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။