Magazine တစ်ခုအတွက် Photo Shooting အတူရိုက်ခဲ့ကြတဲ့ အောင်ရဲလင်း နှင့် မထက်

မြန်မာနိုင်ငံရဲ့ လူကြိုက်များပြီး Hot ဖြစ်တဲ့ မင်းသားအောင်ရဲလင်းနဲ့ မြန်မာ့ ပထမဆုံး Shemale ဖြစ်တဲ့ မထက်(Pop Soul) တို့ဟာ Magazine တစ်ခုအတွက် Photo Shooting အတူရိုက်ခဲ့ကြပါတယ်။ ဒီ Photo Shooting မှာတော့ သူတို့နှစ်ယောက်ဟာ မြန်မာလူမျိုးတို့ရဲ့ထုံးတမ်းစဉ်လာ ရိုးရာမင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ဓာတ်ပုံရိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

မထက်ကိုတော့ အောင်ရဲလင်းရဲ့ Photo Shooting တော်တော်များမှာ ပင်တိုင် Make-up artist တစ်ယောက်အနေနဲ့တွေ့ရလေ့ရှိပြီး အခု ဆံပင်ကေကိုယ်လည်း မထက်ကိုယ်တိုင်က ညှပ်ပေးထားတာလို့သိရပါတယ်။ မကြာခဏ တတွဲတွဲတွေ့နေရတဲ့အတွက် ပရိသတ်တွေအကြားမှာတော့ ဝေဖန်သံအနည်းငယ်ထွက်ခဲ့ပေမဲ့ သူတို့နှစ်ယောက်ကတော့ အပြုံးမပျက်ဘဲ လက်တွဲညီညီ အလုပ်တွေကို ဆက်လုပ်နေကြဆဲပါပဲ။

ကဲ အောင်ရဲလင်း နဲ့ မထက်တို့ရဲ့ Photo Shooting ကဓာတ်ပုံတွေနဲ့အတူ တစ်ခြားဓာတ်ပုံလေးတွေကိုပါ ပရိသတ်တွေကြည့်ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်……………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။