မြန်မာနိုင်ငံရဲ့ ဦးဆုံးထိပ်တန်းမော်ဒယ်တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ဟာ လက်ရှိအချိန်ထိ လှပဆဲ၊ နုပျိုဆဲဖြစ်ပြီး၊ အပျိုအရွယ်မိန်းကလေးတွေ အားကျရလောက်တဲ့ ကျစ်ကျစ်လစ်လစ်ခန္ဓာကိုယ်ကို ဆက်လက်ထိန်းထားနိုင်သူတစ်ဦးဖြစ်ပါတယ်။ သာယာတဲ့အိမ်ထောင်ရေး၊ အောင်မြင်တဲ့အနုပညာလုပ်ငန်းနဲ့ သန္တာလှိုင်ကနေ သူမရဲ့ဘဝဟန်ချက်ညီအောင် နေထိုင်တဲ့ပုံစံကို ဝေမျှပြောဆိုခဲ့ပါတယ်။ 

" အလုပ်လုပ်တယ်၊ ငွေရှာတယ်ဆိုတာကလည်း မိခင်တစ်ယောက်ဖြစ်နေတဲ့ အစ်မ အတွက်ကတော့ မိသားစုအတွက်၊ ကလေးတွေအတွက် လုပ်တာပဲမဖြစ်သင့် ဘူးလား။ အဲဒီတော့ အလုပ်လုပ်လို့ ဘယ်လောက်ပဲ အောင်မြင်ကြီးပွားနေပါစေ ကိုယ့်ကလေးတွေနဲ့ ပျော်ရွှင်စရာအချိန်တွေမကျန်ရင် လုပ်ရတဲ့ အလုပ်ကလည်း အဓိပ္ပာယ်မရှိတော့ဘူးလေ။ တကယ်တော့ အစ်မကလည်း အလုပ်လုပ်နေသလို သူတို့ကျောင်းတက်နေတဲ့အချိန်တွေမှာ ရိုက်ကူးရေးတွေဘာတွေလုပ်ဖြစ်တာ များပါတယ်။ အစ်မက သိပ်ကံကောင်းတဲ့အချက်တစ်ခုတော့ရှိတယ်။ ဘာလဲဆိုတော့ အစ်မကလေးနှစ်ယောက်စလုံးက သရုပ်ဆောင်တတ်တယ်။ အမေတစ်ယောက်အဖြစ် သရုပ်ဆောင်ရတဲ့အခါဆိုရင် ကလေးတွေကပါ အစ်မနဲ့အတူလိုက်လာပြီး ကူးပေးကြတယ်။ အဲဒီအခါကျတော့ အလုပ်လုပ်နေတယ်လို့တောင် အစ်မတို့က မထင်မိတော့ဘူး။ သားအမိသုံးယောက် ခရီးအတူသွားနေ ရတာနဲ့ပဲ ပျော်လို့ပေါ့။ " ဟု ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အလှအပအကြောင်း မေးတဲ့နေရာမှာ " ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးကို ရှောင်ရှားပြီး အိပ်ရေးဝအောင်အိပ်မယ်ဆိုရင် မလိုအပ်တဲ့ ကျန်းမာရေးဝေဒနာတွေကို ဝေးဝေးမှာပဲနေဆိုပြီး ကာကွယ်ထားသလို ဖြစ်နေပါပြီ။ အဲဒါကိုမှ အားကစားလိုက်စားမယ်၊ ကျန်းမာပြီး အာဟာရဖြစ်စေမယ့် အစားအစာမျိုးကို ဆင်ခြင်စားသောက်လိုက်မယ်ဆိုရင် မိန်းကလေးတစ်ယောက်အတွက် ကျေနပ်စရာ ကျန်းမာရေးကို ရနိုင်မှာဖြစ်ပါတယ်။ အစားအသောက်ဆိုတဲ့နေရာမှာ တချို့လူပြောများလို့ အမှတ်မှားနေတာမျိုး တွေလည်း သတိထားဖို့ လိုပါတယ်။ ဥပမာ- အစ်မက ဒိန်ချဉ်အမြဲသောက်တယ်၊ တော်တော်များများက ဒိန်ချဉ်ကို ဝမ်းနူးစာလို့ အထင်မှားနေကြတယ်။ တကယ်တော့ ဗိုက်မကောင်းတဲ့အခါမှာတောင် ဒိန်ချဉ်ကိုဆေးအဖြစ်နဲ့ စားသင့်တဲ့ အထဲမှာပါတယ်။ သူ့အထဲမှာပါတဲ့ အကျိုးပြုဗက်တီးရီးယားက ဝမ်းပျက်ဝမ်းလျောကို ပျောက်ကင်းစေတယ်။ " လို့သူမရဲ့ ကျန်းမာရေးဗဟုသုတကို ဝေမျှခဲ့ပါတယ်။

အသက်၄ဝကျော်ပြီဖြစ်သော်လဲ လှပနေဆဲဖြစ်တဲ့ အသားအရေနဲ့ပတ်သတ်ပြီး မော်ဒယ်သန္တာလှိုင်မှ

" သနပ်ခါးဆိုရင်လည်း အသားအရေတွန့်တယ်လို့ တချို့က ပြောတာကြားဖူးတယ်။ သနပ်ခါးက မြန်မာမှာပဲသုံးတော့ သူ့ကိုနိုင်ငံတကာက သုတေသနတွေကျယ်ကျယ်ပြန့်ပြန့်လုပ်ချင်မှ လုပ်ဖူးလိမ့်မယ်။ ဒါပေမဲ့ အစ်မကိုယ်တွေ့ကိုပြောပြရင် မိတ်ဆွေတစ်ယောက်ဟာ သနပ်ခါးကို မှန်မှန်စွဲလိမ်းတာ သူနဲ့ရွယ်တူတွေထက်ကို အများကြီးပိုနုပြီး အရွယ်တင်နေတာကို တွေ့ရတယ်။ အစ်မတစ်ယောက်တည်း အမြင်မဟုတ်ဘူး။ သူငယ်ချင်းတွေ အားလုံးကနုတယ်လို့သတ်မှတ်ခံထားရတဲ့အတွက် မေးကြည့်တော့မှ သူကပြောပြတာ၊ တခြားဘာအသားအရေ ဆေးဝါးမှလည်း မသုံးတာ သေချာတယ်။" လို့ ဖြေကြားပေးခဲ့ပါတယ်။

Source : lifestyle

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။