လက်ရှိမှာ ဟော့အဖြစ်ဆုံး မင်္ဂလာပွဲတွေ ခြိမ့်ခြိမ့်သဲသဲကျင်းပပြီး ပရိသတ်တွေစိတ်ဝင်စားမှု အများဆုံးရနေတဲ့ မင်းသမီးမိုးယုစံကနေ ပြီးပြည့်စုံတဲ့ခင်ပွန်းလောင်းကို ဘယ်လိုရွေးချယ်ခဲ့လဲဆိုတာ ပြောကြားခဲ့ပါတယ်။

"ကိုယ့်အိမ်ထောင်ဖက်ကိုရွေးချယ်ပုံနဲ့ မိုးယုချစ်သူအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကြိုးစားချင်စိတ်နဲ့ရည်မှန်းချက်က အရေးကြီးဆုံးပါ။ မိုးယု လက်တွဲဖော်ကိုလည်း အဲ့အချက်ကိုအဓိကထားရွေးချယ်ခဲ့တာပါ။ မင်းသမီးမှမဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ဘဝမှာမပူမပင်မကြောင့်မကျပဲ နေချင်ကြတာချည်းပါပဲ။ အိမ်ထောင်ရေးဖြစ်တဲ့အတွက် ပြုုုပြင်လို့မရတာလူတိုင်းအသိပါ။ ဘယ်မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်လက်တွဲဖော်ကို အားလုံးperfectဖြစ်တာ စီးပွားရေး လူမှုရေး ကိုယ့်ကျင့်တရား ကိုယ့်အပေါ ်ချစ်ခင်မှု သည်းခံမှု ဦးဆောင်နိုင်မှု သစ္စာရှိမှု ကြင်နာမှှု မိဘမျိုးရိုး ဂုဏ်သိက္ခာအရည်ချင်း အစရှိသဖြင့်ပေါ့ ပြည့်စုံတာလိုချင်ကြတာကြီးပါပဲ။ အတတ်နိုင်ဆုံးလည်းရွေးချယ်ကြတာပဲ။ " လို့ ပရိသတ်အများစုရဲ့ အမြင်ကို တုံ့ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီး မိုးယုစံကနေ " မိုးယုလည်း အတတ်နိုင်ဆုံး ရွေးချယ်ထားတာပါ။ ဘယ်သူမှတော့ အရာရာမပြည့်စုံပါဘူး။ မင်းသမီးမို့ဒီထဲကဒီလိုပဲလည်းမထင်စေချင်ပါဘူး။ အထင်လည်းမခံနိုင်ပါဘူး။ ဒါကြောင့် အကောင်းဆုံးနေလာတာ စဉ်းစားတတ်တဲ့သူ၊ မိုးယုအကြောင်း တကယ်စိတ်ဝင်တစားရှိတဲ့ ပရိတ်သတ်တွေဆိုသိပါတယ။် ချမ်းသာတဲ့သူတိုင်းလည်း အကျင့်ပျက်ပီး မိဘလုပ်စာထိုင်စားနကြတာချည်းမဟုတ်ပါဘူး ကိုယ့်အားကိုယ်ကိုး ရှာသုံးစုတာလည်း ချမ်းသာတဲ့သူတွေထဲလည်းရှိပါတယ်။ ဘယ်အရာမှ တစ်သမတ်ထဲမသွားပါဘူး။ လူတန်းစားအလွှာတိုင်းမှာ အကျင့်မတူ စရိုက်မတူ နေထိုင်ပုံချင်းမတူတာတွေအများကြီးပါ။ အလွှာတိုင်းမှာကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်းရှိပါတယ်။ တခါခါလူတွေ ပညာလေး၊အသိလေး၊သတိလေး ကိုယ်ချင်းစာမှုလေး စဉ်းစားတွေးခေါ်မှုလေးတွေ ဘယ်အရာပဲဖြစ်ဖြစ် ဘယ်အလုပ်မှာပဲဖြစ်ဖြစ်ရှိစေချင်တယ်။" လို့ သူမရဲ့ ရင်တွင်းခံစားချက်ကို ဖွင့်ဟဝေမျှခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူကို ရွေးချယ်တဲ့နေရာမှာ " ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါဆုံးဖြတ်ထားတာပါ။ သူက မိုးယုနဲ့အသက်လပိုင်းပဲကြီးပါတယ်။ သူ့ကိုကိုယ်ပိုင် အရည်ချင်းရှိလို့ မိုးယုအပေါ်လည်းချစ်ခင် ကြင်နာတယ်၊နားလည်ပေးတယ်။ နှစ်ဖက်မိဘကလည်း သဘောတူလို့။ မိသားစုတခုလုံးအပေါ်လည်း ထိန်းချုပ်နိုင်တဲ့သူမို့၊လမ်းညွှန်နိုင်တဲ့သူ၊ အရာရာတိုင်းကိုလည်း စီမံခန့်ခွဲနိုင်တယ်။ဒါကသူငယ်ငယ်ထဲက သူ့မိဘတွေရဲ့အုပ်ထိန်းမှုက ကိုယ့်အားကိုယ်ကိုးတဲ့သူတယောက်ပါ။ ဘယ်သူပဲရှိရှိ နောက်ဆုံး ကိုယ့်အားကိုယ်ကိုးရတာပါပဲ။ ဘဝဆိုတာ။ ဒါကြောင့် မိုးယုကတော့ ကိုယ့်အားကိုယ်ကိုးတတ်ပီး ဘဝရည်မှန်းချက်အတွက် မိသားစုတွက်ပဲစဉ်းစားတတ်၊ ဆုံးဖြတ်တတ်၊စီမံတတ်တဲ့သူပဲ မိုးယု ဘက်က အတတ်နိုင်ဆုံး မမှားအောင် ရွေးချယ်ထားတာပါ။ မိန်းကလေးတယောက်အနေနဲ့ မိုးယုကတော့ အိမ်ထောင်ရေးကိုရွေးချယ်တာ အဲ့လိုပဲ စဉ်းစားပါတယ်။ မိုးယုရဲ့စဉ်းစားပုံမှန်လားမှားလားနဲ့ ကျန်မိန်းကလေးတွေရော ဘဝလက်တွဲဖော်ကို ဘယ်လိုရွေးချယ်ကြပါသလဲ? " လို့ သူမရဲ့ဆုံးဖြတ်ချက်ကို ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

Source : Moe Yu San Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။