သူမရဲ့ မင်္ဂလာပွဲတိုင်းဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုအမြဲရရှိနေတဲ့အတွက် ယနေ့ကျင်းပခဲ့တဲ့ စုလျားရစ်ပတ်မင်္ဂလာပွဲကိုပရိသတ်တွေသိရှိရအောင် တစေ့တစောင်းဖော်ပြလိုက်ပါတယ်။

မိုးယုစံရဲ့ စုလျားရစ်ပတ်မင်္ဂလာပွဲကို အသစ်စက်စက် ဖွင့်ထားတဲ့ Melia Hotel မှာကျင်းပခဲ့ပါတယ်။ ဟသာင်္မောင်မယ် ဖြစ်တဲ့ သတို့သမီး မိုးယုစံနှင့် သတို့သား စွမ်းသူတို့ကတော့ Rose Gold လို့ခေါ်လို့ရတဲ့ ရွှေပန်းရောင် အကျႌကို ဝတ်ဆင်ထားခဲ့ကြပါတယ်။ မိုးယုစံရဲ့ လည်ပင်မှာဆိုရင် စိန်၊ ပတ္တမြားစတဲ့ ဆွဲကြိုးများကို အထပ်ထပ်ဝတ်ဆင်ထားတဲ့အတွက်ကြောင့်လည်း လှပနေပါတော့တယ်။

မြန်မာ အက တွေနှင့်ဖျော်ဖြေတဲ့ အစီအစဉ်တွေလည်းပါရှိခဲ့ပြီး ပြင်ဆင်ထားတဲ့အပြင်အဆင်တွေမှာလည်း နန်းတွင်းလားအောင့်မေ့ရပါတယ်။ သတို့သားနှင့် သတို့သမီးတို့ အတွက် စတိတ်စင်နောက်ခံကလည်း ပန်းတွေနှင့်ဝေဆာနေပါတော့တယ်။ ထိုပွဲကို လူမင်းတို့ဇနီးမောင်နှံ စတဲ့ အနုပညာရှင်ပေါင်းများစွာတက်ရောက်ခဲ့ပြီး၊ အရံများအနေနှင့်ဟိန်းဝေယံ၊ ခါရာ၊ မြတ်သူအောင်တို့ကို သတို့သား ကို ဝန်းရံခဲ့ကြပြီး ရတနာမိုင်၊ မေမြင့်မိုရ်ကိုတော့ သတိုသမီးကိုဝန်းရံခဲ့ကြပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။