နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူမှုကွန်ယက်တွင် အသရေဖျက်သူကို တရားစွဲ

လူမှုကွန်ယက် facebook ပေါ်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အသရေပျက်အောင် ပြောဆိုသူ မစန္ဒီမြင့်အောင်အား တရားစွဲထားကြောင်း သိရသည်။

ပဲခူးမြို့ ကလျာဏီရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးမြင့်အောင်၏သမီးဖြစ်သူ စန္ဒီမြင့်အောင်အားနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားရိုင်းပြစွာရေးသားစော်ကားသောအမှုအား ညီမငယ် မလင်းလဲ့လဲ့လှိုင်မှ ပုဒ်မ ၆၆ ဃ ဖြင့် တရားလို အဖြစ်အမှုဖွင့်တိုင်ကြား လိုက်ပြီဟုသိရှိရပါသည်...

ဤအမှုတိုင်ကြား ရာတွင်ပါဝင်ကူညီပေးသော ကိုမင်းမင်းထွန်း(အရှင်မထင်ငချဉ်)နှင့် အတူပါဝင်ကူညီပေးသူများ အားလုံးကို အထူးကျေးဇူးတင်ပါသည် ဟု facebook သုံးစွဲသူတစ်ဦးက တင်ထားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။