ပေါင်ထားတဲ့အိမ်လေး ပြန်ရွေးချင်လို့ နေ့မအားညမအား အလုပ်လုပ်နေရတဲ့ အဖိုးအတွက် အိမ်ပြန်ရွေးပေး

5 Plus /Way of life အစီအစဉ်မှာတွေ့လိုက်ရတဲ့

အဖိုးပါ။သူ့အိမ်လေးကို လွန်ခဲ့တဲ့၃နစ်က

၁ဝသိန်းနဲ့ပေါင်ထားတာကိုရွေးချင်လို့နေ့မအားညမအား

အလုပ်လုပ်နေရတာပါ။ကြည့်မြင့်တိုင်ကမ်းနားမှာ

ပေါင်မုန့်ကြော်လေးရောင်းပြီးပေါင်ထားတဲ့

သူရဲ့အိမ်လေးပြန်ရဖို့ တနေ့ချင်းပိုက်ဆံပေးသွင်းနေရတာပါ။သူ့ရဲ့အိမ်မက်က

သူ့အိမ်လေးကို ပြန်ရွေးပြီး အိမ်ရှေ့မှာ စျေးဆိုင်လေး

ဖွင့်ချင်တာပါ။

သူ့အိမ်လေးက အတိုးနဲ့အရင်းစုစုပေါင်းသိန်း၂၀

ဖြစ်နေပါတယ်။ကျနောိတို့ဒီနေ့၁ဝသိန်းသွားလှူပေး

ခဲ့ပါတယ်။အဖိုးဟာဝမ်းသာလွန်းအားကြီးပြီး

ငိုတဲ့အထိဖြစ်သွားခဲ့ပါတယ်။

သူမျော်လင့်ခဲ့တဲ့ အခြေအနေတခုကို သူရရှိ

ပါတော့မယ်။

အပေါင်ခံထားတဲ့သူကလဲ ကျနော်တို့သွား

ညှိတဲ့အခါ သိန်း၂ဝထဲက ၅သိန်းလျော့ပေးသွားပါတယ်

ကျနော်တို့ပေးခဲ့တဲ့၁ဝသိန်းနဲ့ဆို

အဖိုးရဲ့အိမ်လေးပြန်ရွေးဖို့ ၅သိန်းပဲလိုပါတော့တယ်။

ကျနော်အဲ့အတွက်ထပ်မံကြိုးစားသွားမှာပါ။

အိမ်ရွေးပြီး သူဖြစ်ချင်ခဲ့တဲ့ အိမ်ရှေ့မှာ

စျေးဆိုင်လေးဖြစ်တည် သွားတဲ့အထိကူညီ

ပေးသွားမှာပါ။

သူငယ်ချင်းတို့အားလုံးလဲပါဝင်လှူဒါန်းပေးသွားဖို့

တောင်းဆိုပါတယိ။ အသက်ရ၇ နစ်ရှိပြီ

ဖြစ်တဲ့ အဖိုးရဲ့ အိမ်မက်လေးကို

ဝိုင်းပြီး ဖြည့်စီးပေးသွားကြအောင်ပါ။

Chan Myae

09423665966

99930799935731801

KBZ ATM

9503 0800 0785 6938

CB ATM ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်လို့ facebook သုံးစွဲသူတစ်ဦးကတင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။