"အနုပညာစလုပ်တဲ့ အချိန်တုန်းက မျက်နှာကြောတင်းတာကြောင့် အခက်တွေ့ခဲ့ရတယ်" ဆိုတဲ့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး

ဖွေးဖွေးဆိုတာ လက်ပံ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့ပြီး ပွဲဦးထွက်ကားနဲ့ အကယ်ဒမီ သိမ်းပိုက်နိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အကယ်ဒမီ သုံးဆုကိုပိုင်ဆိုင်ထားပြီး မြန်မာပြည်ရဲ့ ထိပ်တန်းဝင်မင်းသမီးတစ်လက်အဖြစ် ပ်တည်နေပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ဖွေးစိန် လို့ခေါ်ကြပြီး ဘာလို့ ဖွေးစိန်လို့ခေါ်တာလဲဆိုတာကိုတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှင်းပြခဲ့ပါသေးတယ်။

ဘယ်အလုပ်မဆို စတင်လုပ်ကိုင်ချိန်မှာ အခက်အခဲအနည်းနဲ့အများစီ ရှိတတ်ကြစမြဲပါ။ ဖွေးစိန်မှာလဲ ရှိပါတယ်။ သူမ အနုပညာစလုပ်ချိန်မှာ ဘယ်လိုအခက်အခဲမျိုးတွေ တွေ့ကြုံ ခဲ့ပါသလဲ…………

"ဖွေးမှာက အဲ့လောက်ကြီး အခက်အခဲ သိပ်မရှိပါဘူး။ ဒါပေမယ့် ဖွေး သရုပ်ဆောင် စလုပ်တဲ့ အချိန်တုန်းကတော့ ဖွေးက မျတ်နှာကြောတင်းတယ်။ အဲ့ဒီလို မျတ်နှာကြောတင်းတကလည်း

ဖွေး က ချေ တာ မာန ကြီးတာ မဟုတ်ဘူး။

ဖွေးပုံစံကကို အဲ့လို ဖြစ်နေတာ ဖွေးနဲ့ ခင်တဲ့သူတွေက ဖွေး ဘယ် လိုမျိူးဆိုတာ ဖွေးရဲ့စိတ်ထားကို သိကြတယ်။ ဖွေးကပွင့်ပွင့်လင်းလင်း ပြောဆိုဆတ်ဆံတက်တယ် ဖွေးက ပုံမှန် ပဲနေတာ ဒါပေမယ့် ကိုယ့်မျက်နှာကြောကတင်းနေတယ် ဆိုပြီးပြောကြတယ်။ အဲ့ဒါကြောင့် ဖွေး အကြောင်း သေချာမသိတဲ့သူတွေကတော့ တမျိူ းမြင်ကြမှာပေါ့နော်။ ဒါပေမယ့် "လက်ပံ" ရိုက်တုန်းကတော့ အဲ့မျက်နှာထားက တော်တော် အဆင်ပြေတယ်။

အစကဆို ပရိသတ်တွေနဲ့တွေ့ရင်တောင်

ဖွေး ဘယ်လိုနေရမလဲမသိဘူး။ ရင်ထဲမှာတော့ ပရိသတ်နဲ့တွေ့ရတော့

ပျော်တယ် ပရိသတ်တွေကိုလည်းချစ်တယ်

ဒါပေမယ့် အစတုန်းက အဲ့လိုမျိူး အခက်အခဲလေးတော့ ရှိပါတယ် အခုတော့ အဆင်ပြေသွားပါပြီ" လို့ပြောပါတယ်။

ကဲ ပရိသတ်ကြီးရေ ဖွေးစိန်လေးကတော့ မာနကြီးတာဟုတ်ဘူးတဲ့နော် သူ့ရဲ့ပင်ကို ကိုက မျက်နှာတည်တာမို့ပါတဲ့………………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။