"စွယ်စုံရ တရုတ် အလှနတ်ဘုရားမလေး ဖန်"

တရုတ် အလှနတ်ဘုရားမလေးအဖြစ် တင်စားကြတဲ့ ရုပ်ရှင်ထုတ်လုပ်သူ အဆိုတော် မင်းသမီးချောလေး Fan Bingbing ဟာ Shanghai Theatre Academy ထွက် ကျောင်းသူ ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်ကစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့သူပါ။

သူမရဲ့ ဖြူစင်ဝင်းမွတ်တဲ့ အသားအရေကြောင့် အနုပညာရှင်တွေကြားမှာ ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်ပါတယ်။

တရုတ် အလှနတ်ဘုရားမလေးအဖြစ် တင်စားကြတဲ့ ရုပ်ရှင်ထုတ်လုပ်သူ အဆိုတော် မင်းသမီးချောလေး Fan Bingbing ဟာ Shanghai Theatre Academy ထွက် ကျောင်းသူ ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်ကစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့သူပါ။

၂၀၀၁ ခုနှစ် Reunion ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ လူသိများလာခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာလည်း နာမည်ကြီး တရုတ်ရုပ်ရှင်ဇာတ်ကားတွေမှာ ဆက်တိုက်ဆိုသလို ပါဝင်ခဲ့ပါတယ်။ သူမဟာ ဒရာမာ၊ အချစ်ဟာသ၊ အက်ရှင်နဲ့ စွန့်စားခန်း ရုပ်ရှင်ဇာတ်ကားမျိုးစုံရဲ့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလည်းဖြစ်လို့ အာရှတစ်ခွင်မှာတင်မကဘဲ ဟောလိဝုဒ်ကပါ သဘောကျနှစ်ခြိုက်တဲ့ တရုတ်မင်းသမီး ဖြစ်လာခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာရုံတင်ပြသခဲ့သည့် Iron Man 3 ဇာတ်ကားကြီးမှာလည်း

သူမ သရုပ်ဆောင်ဖြစ်ခဲ့ပြီး ၂၀၁၄ မှာတော့ X-Men : Days of Future Past ဇာတ်ကားကြီးမှာပါ ထပ်မံ ပါဝင်ခဲ့ပါသေးတယ်။ တရုတ် ရှေးခေတ်သမိုင်းဇာတ်ကားတွေမှာ နန်းတွင်းမင်းသမီးအဖြစ်လည်း မကြာခဏ သရုပ်ဆောင်လေ့ရှိပါသေးတ

၂၀၀၁ ခုနှစ် Reunion ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ လူသိများလာခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာလည်း နာမည်ကြီး တရုတ်ရုပ်ရှင်ဇာတ်ကားတွေမှာ ဆက်တိုက်ဆိုသလို ပါဝင်ခဲ့ပါတယ်။ သူမဟာ ဒရာမာ၊ အချစ်ဟာသ၊ အက်ရှင်နဲ့ စွန့်စားခန်း ရုပ်ရှင်ဇာတ်ကားမျိုးစုံရဲ့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလည်းဖြစ်လို့ အာရှတစ်ခွင်မှာတင်မကဘဲ ဟောလိဝုဒ်ကပါ သဘောကျနှစ်ခြိုက်တဲ့ တရုတ်မင်းသမီး ဖြစ်လာခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Iron Man 3 ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သူမ သရုပ်ဆောင်ဖြစ်ခဲ့ပြီး ၂၀၁၄ မှာတော့ X-Men : Days of Future Past ဇာတ်ကားကြီးမှာပါ ထပ်မံ ပါဝင်ခဲ့ပါသေးတယ်။ တရုတ် ရှေးခေတ်သမိုင်းဇာတ်ကားတွေမှာ နန်းတွင်းမင်းသမီးအဖြစ်လည်း မကြာခဏ သရုပ်ဆောင်လေ့ရှိပါသေးတယ်။

သူမရဲ့ ဖြူစင်ဝင်းမွတ်တဲ့ အသားအရေကြောင့် အနုပညာရှင်တွေကြားမှာ ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်ပါတယ်။ ကမ္ဘာကျော်မင်းသားကြီး Jackie Chan နဲ့အတူ Skiptrace ဟာသအက်ရှင် ရုပ်ရှင်ဇာတ်ကားမှာလည်း အဓိက ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဖန်ဟာ အနုပညာထူးချွန်ဆု အများအပြား ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

တရုတ်မင်းသား လီချန်နဲ့ လက်ထပ်ထားတဲ့ ဖန်ဟာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးလည်း နာမည်ကြီးသူဖြစ်ကာ နာမည်ကြီး ဖက်ရှင်ရှိုးပွဲတွေနဲ့၊ ဆုပေးပွဲတွေကိုလည်း မကြာခဏ ဖိတ်ကြားခြင်းခံရလေ့ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။