ပြင်သစ်မှ Marine Archaeologist တစ်ဦးဖြစ်တဲ့ Franck Goddioဟာ Nile မြစ်မှာ စစ်ဘုရင်နပိုလီယံရဲ့ ၁၇၉၈ခုနှစ်က တိုက်ပွဲမှာ Nelsonကို အရေးနိမ့်ပြီး ရှုံးခဲ့တဲ့အချိန် စစ်သဘောင်္တွေကို ရေအောက်မှာ တူးဖော်ရှာဖွေမှုလုပ်ခဲ့တာပါ။ ဒါပေမယ့် အံအားသင့်ဖွယ်ပဲ သမိုင်းကြောင်းကို ပြောင်းစေနိုင်တဲ့ ရေအာက်က ရှေးဟောင်းမြို့တောိကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Heracleion မြို့တော်ဟာ ရေအောက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင့် ၁၅ဝဝတုန်းက ပျောက်ဆုံးခဲ့တာလို့ ပညာရှင်တွေက ယူဆကြပါတယ်။ ဘီစီ၅ရာစုက အတွေးအခေါ်ပညာရှင် ဟီရိုဒိုးတပ်စ်ဟာ သူ့ရဲ့ Helen of Troyဆိုတဲ့ စာအုပ်ထဲမှာ ဒီမြို့တော်အကြောင်းကို တစ်ခါဖော်ပြခဲ့ဖူးပါတယ်။ 

ရှာဖွေတွေ့ရှိမှုထဲမှာ ၁၆ ပေအထိမြင့်တဲ့ ရုပ်တုတွေနဲ့ အခြားသော အီဂျစ်နတ်ဘုရားရုပ်တု အသေးစားလေးတွေကို ပါတွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် သမိုင်းအထောက်အထားအခိုင်အလုံနဲ့ရှိခဲ့တဲ့ အီကးဂျစ်နတ်ဘုရားမ Isisနဲ့ နတ်ဘုရား Hapi တို့ရဲ့ရုပ်တုတွေ၊ ရွှေဒဂါင်္းတွေအပြင် ကျောက်စာတွေကိုလဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်တုတွေနဲ့ ကျောက်စာတွေကို စမ်းသပ်စစ်ဆေးမှုအရတော့ မြို့တော် Heracleion ဟာ ဘီစီ ၆ရာစု သို့မဟုတ် ၇ ရာစုမှာ ရေအောက်ကို ရောက်ရှိခဲ့တာဖြစ်မယ်လို့ ယူဆရပါတယ်။ 

Source : Sunnyskyz

Translatex by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။