လာလီဂါအကောင်းဆုံး တိုက်စစ်မှူ းဆု ရရှိခဲ့သည့် မက်စီ

ပြီးခဲ့သည့် ရာသီအတွက် စပိန်လာလီဂါ အကောင်းဆုံး ဘောလုံးသမားဆုကို ဂရစ်ဇ်မန်းကရရှိခဲ့ပြီး အကောင်းဆုံးနည်းပြဆုကို အက်သလက်တီကို နည်းပြ ဆီမြွန်နီ တို့က ရရှိခဲ့သည်။ အက်သလက်တီကိုမှ နောက်ထပ်ကစားသမားနှစ်ဦးအဖြစ် ဂိုးသမားဆုကို ဂျန်အိုဘလက်နှင့် အကောင်းဆုံးနောက်တန်းကစားသမားဆုကို ဒီယေဂိုဂိုဒင် တို့ကရရှိခဲ့သည်။

ဘာစီလိုနာမှ မက်ဆီသည် အကောင်းဆုံးတိုက်စစ်မှူ းဆုကို ရရှိခဲ့ပြီး ရီးရဲလ်မှ လူကာမိုဒရစ်မှာ အကောင်းဆုံး ကွင်းလယ်ကစားသမားဆုကို ရရှိခဲ့သည်။ လာလီဂါအသင်းမှှ အသင်းခေါင်းဆောင်များက နေရာတစ်ခုစီရှိ အကောင်းဆုံးကစားသမားများအား ရွေးချယ်ပြီး အချက်အလက်များကို လေ့လာသောစနစ်ဖြင့်ပေါင်းစပ်ကာ ယင်းဆုများကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယင်းဆုပေးပွဲသို့ ဂရစ်ဇ်မန်းက တက်ဖောက်ခြင်းမရှိသော်လည်း ဂိုဒင်တက်ရောက်ခဲ့ပြီး "ကျွန်တော့်ရဲ့ အသင်းဖော်တွေရဲ့ အကူအညီမပါဘဲ ရနိုင်ခြေမရှိတဲ့ ဒီဆုကို လက်ခံရရှိခဲ့တာဟာ အထူးအခွင့်အရေးတစ်ခုပဲ ့ဖြစ်ပါတယ်" ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် ရာသီက ဘာစီလိုနာသည် ရီးရဲလ် နှင့် အက်သလက်တီကို တို့ကိုကျော်၍ လာလီဂါဖလား ရရှိခဲ့သည်။

Source: International Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။