ဖြောင့်စက် ဆွဲစရာမလိုဘဲ ဆံပင်ပျော့အောင် သဘာဝနဲ့ပေါင်းတင်နည်း

ဖြောင့်စရာမလိုစက်ဆွဲစရာမလိုတဲ့ဆံပင်

ဆံပင်တစ်ခါမှမဖြောင့်ဖူးဘူး

ဒါပေမယ့်ဆံပင်က ဖြောင့်ထားတဲ့သူတွေလိုပျော့တယ်ဆံသားပြောင်တယ် စင်းတယ် ...

ဘာမှမလုပ်မှတော့ဘယ်ပျက်ဆီးမလဲလို့တော့မထင်နဲ့

ဆံပင်ဆေးဆိုးတာတော့ရက်ရက်စက်စက်ဆိုးတယ် အရောင်မကြိုက်ရင် တစ်လတည်းကို၃ ခေါက်၄ခေါက်လောက်ထိအရောင်ပြောင်းတယ် ဒါတောင်မပျက်ဆီးဘူး ...

အရှည်သန်တယ် ခေါင်းလေးပြီးဇာတ်ကြာတက်တတ်လို့အရှည်သိပ်မထားဘူး ...

တစ်ခြားပေါင်းဆေးသိပ်သုံးစရာလည်းမလိုဘူး

ဘာမှလည်းမလိမ်းဘူး ဆိုင်မှာလည်းဆေးတွေနဲ့လုပ်စရာမလိုဘူး ...

တစ်ပါတ်တစ်ခါ ကြက်ဥ ရှားစောင်းဂျယ်လ် သံလွင်ဆီ ပျားရည်နဲ့ ပေါင်းတင်တယ် နှစ်ခွလည်းလုံးဝမဖြစ်ဘူး ဆံပင်ကျွတ်တဲ့သူဆိုသံပုရာရည်လေးပါထည့်လုပ်နော်

ရေမချိုးခင်နာရီဝက်ဒါမှမဟုတ်

ရေချိုးခါနီး ဆိုအဝတ်လျှော်တယ်အဲ့အဝတ်မလျှော်ခင်ကတည်းကလိမ်းထားလိုက်တာ အဝတ်တွေလည်းအကုန်လျှော်အပြီး လိမ်းထားတဲ့အချိန်နဲ့ကွက်တိပဲ တကူးတကအချိန်မပေးရဘဲ အလုပ်၂ခုပြီးပါတယ် ...

အရောင်ဆိုးရင်တောင်အရောင်ကပိုပြောင်လက်ပြီးတောက်တယ် ...

ဒါနဲ့ဖျော်တာပိုသွားရင်လည်းမျက်နှာလိမ်းလို့ရတယ်နော်

ပျားရည်ဆေးဆိုင်မှာရောင်းတာလည်းစစ်တယ်

စစ်မစစ်စမ်းနည်းပြောပြမယ်

ပျားရည်တစ်စက်ကိုလက်သည်းခွံပေါ်တင်ကြည့်ပါပျားရည်စက်ကအောက်ကိုမကျဘူးပိန်းကြာရွက်မှာရေတင်သလိုအလုံးလေးဖြစ်နေရင်အဲ့ဒါအစစ်ပဲ ...

ကိုယ်လက်တွေ့လုပ်နေတာလေးတင်ပေးတာသဘောကျတယ်ဆိုနောက်နေ့ အရေးအကြောင်းနဲ့မိတ်ကပ်ဆွဲအောင်ပြီးတော့မနက်ပိုင်းစိတ်ကြည်လင်အောင် ပိုက်ဆံမကုန်ဘဲလုပ်တဲ့နည်းလေးထပ်တင်ပေးပါ့မယ် လို့ facebook သုံးစွဲသူတစ်ဦးက မျှဝေထားခဲ့ပါတယ်။

Credit - May Zin Aye Thwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။