MLM ကြောင့် နစ်နာရသူများ
သမီးမပြောပဲနေခဲ့တာပါမြိုသိပ်တာများလို့မခံစားနိုင်လို့ထုတ်ပြောမိတာပါ
ဟုတ်ကဲ့ သမီးက ကျောင်းသူ တစ်ယောက်ပါ Qnetကြောင့်ဒုက္ခရောက်နေတဲ့ကျောင်းသူဆိုလည်းမမှားပါဖူး ဘာဝင်ငွေမှမရှိတဲ့ကျောင်းသူတစ်ယောက်ပါ
တစ်နေ့ သူငယ်ချင်းအရင်းကြီးက သူ့အလုပ်ကိုလာလေ့လာပါဆိုပီး ကျောင်းထိလာခေါ်လို့
အားနာလို့လိုက်သွားခဲ့ပါတယ် အဲ့မှာ ဘဝကကံဆိုးမှူကြုံတာပါပဲ
သူတို့အလုပ်အကြောင်းရှင်းပြပီးငွေဘယ်လိုရမယ်ဆိုတဲ့အကြောင်းပြောပြပါတယ် ဒါနဲ့ပစ္စည်းဝယ်ရမယ်ဆို ဘယ်လောက်လဲမေးတော့ ၈သိန်းခွဲတဲ့
ကိုယ်လည်းလန့်သွားပါတယ် အဲ့လောက်အရင်းနှီးမှ ကိုယ့်မှာမရှိပဲ အဲ့ဒါကို အိမ်ကလုပ်ပေးထားတဲ့ဆွဲကြိုးလေးကိုရောင်းခိုင်းပါတော့တယ်
လိုတာကိုချေးပေါ့ သမီးကကျောင်းသူလေ ပိုက်ဆံသွားချေးရင်ဘယ်သူကချေးပေးပါ့မလဲပြောတော့
သူတို့အသိထဲက ဆွဲပေးမယ်ဆိုပီးပြောပါတယ်
သမီးလည်း အတိုးနဲ့ဆိုမလုပ်ပါနဲ့ သမီး မဆပ်နိုင်ဖူး
သမီးမှာဘာအလုပ်အကိုင်မှရှိတာမဟုတ်ဖူး
ပြောပြပါတယ် ဒါကို သူတို့က သူတို့အာမခံတယ် ၂လအတွင်းကျေစေရမယ်ဘာညာဆိုပီးပြောပြတယ်
အာ့နဲ့ ခနစဉ်းစားမယ်ဆိုပီး အိမ်ပြန်လာခဲ့ပါတယ်
ပထမလုပ်ချင်စိတ်ဖြစ်ပေမယ့် နောက်စဉ်းစားတော့လူရှာရမယ်
၈သိန်းခွဲဆိုတဲ့ပိုက်ဆံဘယ်သူကရင်းပါ့မလဲလို့တွေးပီး
မလုပ်တော့ဖူး ဆုံးဖြတ်လိုက်ပါတယ်
အာ့နဲ့ သူတို့ဖုန်းဆက်လာတော့ မလုပ်တော့ဖူးဆိုတဲ့အကြောင်း
ပြောလိုက်ပါတယ် အဲ့ဒါကို ဘာအခက်အခဲရှိလို့လဲ အပြင်မှာ ခနတွေ့မယ်လေမဝင်ချင်လည်းရတယ် ခနစကားပြောဖို့ပဲ ကျောင်းကိုလာခဲ့မယ်ဆိုပီး ပြောနေတော့သူငယ်ချင်ဖြစ်နေလို့ အားနာပီး
တွေ့လိုက်ပါတယ် သူ့အပြင်နောက်ထပ်အမကြီးတစ်ယောက်ပါထပ်ပါလာတယ်
ကိုယ်က မဝင်ဖူး လူမရှာနိုင်ဖူး ပိုက်ဆံလည်းမရင်းနိုင်ဖူးပြောတာကို
အမျိူးမျိုးပြောပါတယ် ကိုယ်ကလုပ်မယ်မပြောမချင်းကို မထပါဖူး
ကိုယ်လည်း တစ်ခါမှစီးပွားရေးမလုပ်ဖူးဘူး အိမ်နဲ့ကျောင်းပဲ နှစ်ပါးသွားနေရတော့ အပြင်စီးပွားရေးအကြောင်းဘာမှ မသိပါဖူး သမီးကပြောပါတယ်လူမရှာနိုင်ဖူးပြောတော့ သူတို့ရှာပေးမလိုလို စိတ်ပူစရာမလိုဖူးပဲပြောပါတယ်
အော် သူတို့အာမခံပေးနေတာပဲဆိုပီး သူငယ်ချင်းကိုအားနာပီး
သူမလိမ်လောက်ပါဖူးဆိုတဲ့စိတ်နဲ့ယုုံကြည်ပီးဆွဲကြိုးကိုပေါင်ပေးလိုက်ပါတယ် အဲ့သူငယ်ချင်းကိုယ်တိုင်လိုက်ပေါင်ပေးတာပါ တစ်သက်နဲ့တစ်ကိုယ် ပေါင်တဲ့ဆိုင်တောင်မသိပါဖူး
ငွေက တစ်ဝက်ပေးပီး၂ပေါ့ တစ်ဝက်ကို သူလုပ်ပေးမယ်ပေါ့
အိမ်ပြန်ရောက်တော့ ကိုယ့်စိတ်ကိုယ်မလုံပဲကြောက်ပီးထိုင်ငိုမိပါတယ်
အဲ့ချိန် ကိုယ့်ချစ်သူကဖုန်းခေါ်တော့ အကြောင်းစုံပြောပြတော့
ချစ်သူကသိပီး မလုပ်နဲ့ပိုက်ဆံသွားပြန်တောင်း အပြည့်မပေးရသေးဖူးမဟုတ်လား မလုပ်တော့ဖူးဆိုပီးပြန်တောင်းလိုက်ဆိုပီး ဆူပါတယ်
ဒေါသတွေလည်းထွက်ပါတယ်
ပြသနာတွေလည်းတက်ရပါတယ်စိတ်လည်းအရမ်းဆင်းရဲလို့
မနက်မိုးလင်းအစောကြီးအဲ့သူငယ်ချင်းဆီသွားပီး ပိုက်ဆံတောင်းတာ
နိုင်ငံတကာနဲ့အလုပ်လုပ်နေတာ ပြန်ပေးလို့မရဖူး အရှူံးခံမလားလို့ပြောပါတယ် သမီးလည်း အဲ့လောက်ပိုက်ဆံအများကြီး ဘယ်လိုအရှူံးခံရမလဲဆိုပီး
တကယ့်ငရဲလိုပဲခံစားခဲ့ရပါတယ်
နောက်တော့ သူကချေးပေးမယ့်လူရှိတယ်အတိုးမပေးရဖူး နင်အရမ်းသက်သာတယ်ဆိုပီးပြောပါတယ်
တကယ်လည်း ချေးရော အဲ့ရုံးရောက်မှ
ပိုက်ဆံကိစ္စက ငါပြောတာမှားသွားတာတဲ့ ၁ဝတိုးပေးရမယ်ပြောတာ ငါကအတိုးမပေးရဖူးကြားလို့တဲ့
အဲ့လိုပြောပြချိန်သူကချေးပီးလို့ ပေးတောင်ပေးထားပီးပါပီးတဲ့
အဲ့ချေးတဲ့ပိုက်ဆံ ၄သိန်းခွဲကိုလည်း သမီးမမြင်လိုက်ပါဖူး
သူ့ဘာသာချေးပီးသူ့ဘာသာလုပ်လိုက်တာပါ
အဲ့သူငယ်ချင်းက နင့်ကို၁ဝတိုးနဲ့ချေးပေးတာရုံးမှာလျှောက်မပြောနဲ့တဲ့
ချေးတဲ့ဦးလေးဆီကတစ်ဆယ်တိုးယူပီးသူကရုံးမှာ၂ဝတိုးပေးစားထားတယ်တဲ့ ဟာ အဲ့တော့မှ ဘာလဲ သူများတွေကို ပိုသတ်နေတာလားလို့စိတ်ထဲဝင်ပီးမယုံသလိုဖြစ်လာတယ်
အဲ့သူငယ်ချင်းရဲ့စိတ်ကိုလည်းကြောက်သွားတယ်
ပိုက်ဆံအပြည့်ပေးပီးမှသူတို့ကmeeting 1 ပေးထိုင်တာ
အဲ့တော့မှသိရတယ် သူတို့လျို့ဝှက်ချက်တွေကိုနောက်လူစခေါ်ခိုင်းပါတော့တယ် သူငယ်ချင်းတွေခေါ်တယ်မလာကြဖူး မလိုက်ကြဖူးမအားဖူးဆိုတဲ့အကြောင်းပြချက်ကိုယ်စီနဲ့မလိုက်ခဲ့ကြဖူး စိတ်ဓာတ်တွေအရမ်းကျခဲ့တယ် နောက်ဆုံး
အသိညီမလေးတစ်ယောက်ကိုအောက်ကျခံအကူအညီတောင်းပီးခေါ်သွားလိုက်ပါတယ်အဲ့ညီမလေးလည်းဝင်မယ်တဲ့ ကိုယ်တောင်ကြောင်သွားတယ်
ပိုက်ဆံမရှိဖူးညည်းနေတဲ့သူက ဘယ်လိုဖြစ်လိုဝင်မယ်သွားပြောပါလိမ့်ပေါ့
နောက်Qnetရုံးအပြင်ရောက်မှ အဲ့ညီမလေးကပြောတယ်
အမသမီးဘယ်လိုလုပ်ရမလဲတဲ့ဆေးမိသွားသလိုပဲတဲ့ဘယ်လိုဝင်မယ်ပြောမိလိုက်လဲမသိဖူးတဲ့
အဲ့ဒါနင်အခုဘယ်လိုလုပ်မလဲမေးတော့ စကားလွန်ပီး၂တဲ့
အမမျက်နှာပျက်ရလိမ့်မယ်တဲ့ မနက်ဖြန်ဆိုင်ကယ်ရောင်းပီးဝင်ပါ့မယ်တဲ့
အဲ့လိုဆိုတော့ ဘယ်သွားကြည့်ရက်တော့မလဲ ဒီအလုပ်ရဲ့
မကောင်းတာတွေသိလာပီး နင်သူတို့ဖုန်းဆက်ရင်မကိုင်နဲ့ အိမ်ရောက်တာနဲ့စက်ပိတ်ထား ငါ့ကိုမေးလည်း နင်မဆက်သွယ်ဖူးပြောလိုက်မယ်ဆိုပီး ပြန်လွှတ်လိုက်ရတယ်
နောက်uplineသူငယ်ချင်းက မေးတော့ သူအဆင်မပြေလို့မလုပ်ဖူးလို့ပြောတာ နင်က မတိုက်တွန်းဖူးလားတဲ့ နင်စဉ်းစားရမှာ သူ့အတွက်မဟုတ်ဖူးနင့်အတွက်နင်စဉ်းစားတဲ့
သူ့ဘာသာသူပိုက်ဆံရှိရှိမရှိရှိထည့်မတွက်နဲ့တဲ့
အရေးကြီးတာ နင့်ပိုက်ဆံပြန်ရဖို့မဟုတ်လားတဲ့
အဲ့စကားကြောင့် တင်းပီး
အဲ့ကနေ လူလည်းမရှာတော့သလို ရုံးလည်းမသွားတော့ဖူး စာမေးပွဲ လည်းကပ်လာတော့ လုံးဝမသွားပဲနေလိုက်တယ်
နောက်fb သုံးရင် friတစ်ယောက်Qnetအကြောင်းshareထားတာတွေ့တော့ဝင်ဖတ်ရင်း လိမ်နေမှန်းသိခဲ့ရတယ် ပစ္စည်းကလည်း $
20နဲ့ဝယ်ထားပီး ၈သိန်းခွဲ ဆိုပီးပြန်ရောင်းတယ်အဲ့မှာအသားပါတုန်တယ်ဒေါသထွက်တာ
ငါ့ပိုက်ဆံ ၄သိန်းပါ သွားပီးပေါ့ ၄သိန်းခွဲက ချေးထားတာ ချေးပေးတာလည်းသူပဲ ချေးတဲ့လူကိုတောင် သမီးမတွေ့ဖူးသလိုသိတောင်မသိ သူပဲအလယ်ကြားက ကလောကလည်လုပ်နေတာ ခု၂လရှိပီး ပစ္စည်းလည်းလက်ထဲမရောက်သေးပါဖူး
မနေ့ကမှ အဲ့uplineသူငယ်ချင်းကလာပီးပစ္စည်းလာထုတ်တဲ့
ပြောလိုက်တယ် ၂သောင်းကျော်တန် ပစ္စည်းကို သမီးလည်းအပြင်မှာ ဝယ်သုံးနိုင်တယ်လိုပြောတော့
အဲ့ဒါအတုဆိုပဲ နင့်အလုပ်ကိုငါဆက်မလုပ်နိုင်ဖူးပြောလိုက်တော့
နင်ပိုက်ဆံဘယ်လိုဆပ်မလဲတဲ့ အကြပ်ကိုင်ပါတယ်
သမီးချေးတယ်ဆိုတာပိုက်ဆံတောင်မမြင်လိုက်ရပါဖူး
သူ့ဘာသာလုပ်သွားတာ ကိုယ်လည်းဘာမှ မသိလိုက်ဖူး
စာချုပ်နဲ့လည်းမချေးခဲ့သလို ဘာမှတောင်
သေသေချာချာမသိခဲ့ပါဖူး ပြောရရင်တော့ အချင်း၂ကိုယ့်ကို ဂျင်းထည့်ခံလိုက်ရတာပါ စဉ်းစားမိရင်းစိတ်နာလာပါတယ်
မလုပ်ခင်ကတော့ သူတို့ပဲပြန်ရစေရမယ် အာမခံတယ် အလွန်ဆုံး၂လပဲဆိုတဲ့လူတွေက ၂လသာပြည့်သွားတယ် ဘာမှဖြစ်မလာခဲ့ဖူး အခုသမီးကို နင်မလုပ်ချင်ရတယ်တဲ့ အဲ့ပိုက်ဆံဘယ်လိုဆပ်မလဲဆိုပီး အကြပ်ကိုင်နေပါတယ်
အခုစိတ်ဓာတ်ကျပီးဘာဆက်လုပ်လိုလုပ်ရမှန်းမသိဖြစ်နေပါတယ်
အလုပ်အကိုင်လည်းမရှိပါဖူးဝင်ငွေဆိုတာမရှိပဲသမီးဘယ်လိုဆပ်ရမလဲတောင်မသိတော့ပါဖူးတွေးပီးငိုပဲငိုမိနေပါတယ်
သမီးစာရှည်သွားရင်တောင်းပန်ပါတယ်
အဲ့လိုတစ်ကိုယ်ကောင်းuplineတွေအကြောင်းအားလုံးသိစေချင်လို့ပါ
နောက်ထပ်သမီးလိုကျောင်းသူလေးတွေ ဒုက္ခ မရောက်စေချင်လို့ နယ်က အဆောင်နေတက္ကသိုလ်ကျောင်းသူတော်တော်များများဝင်လုပ်နေကြပါတယ် သမီးထင်ပါတယ် အဲ့လူတွေထဲမှာလည်း သမီးလိုလူတွေရှိနေမှာပဲလို့ယုံကြည်ပါတယ်
အားလုံးကိုတောင်းပန်ပါတယ်ရှင့် သမီးအဖြစ်ကိုသိပီး
နောက်ထပ်မလုပ်ဖြစ်အောင်တင်ပေးတာပါ
ပညာရှိပီး ဦးဏှောက်မရှိပဲတုံးအခဲ့တဲ့ကိုယ့်ကိုကိုယ်လည်း
အပြစ်တင်မိပါတယ် လို့ MLM ကြောင့် နစ်နာခဲ့သူတစ်ဦးက တင်ထားခဲ့ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။