Ivy Limလို့ခေါ်တဲ့ စကာင်္ပူက မော်ဒယ်လေးတစ်ယောက်ဟာ Pokemon Goကစားရတာကို သဘောကျသူဖြစ်ပြီး Funzing Singapore ကနေခေါ်တဲ့ ထူးခြားတဲ့အလုပ်တစ်နေရာကို Facebookကနေပြီးဝင်ရောက်လျှောက်ထားခဲ့ပါတယ်။ ဒီ Pokemon Masterအလုပ်နေရာအတွက်ကို ပို့စ်တင်ပြီး ၂၄နာရီအတွင်း တစ်ကမ္ဘာလုံးက လာရောက်လျှောက်ထားသူပေါင်း ၁ဝဝဝကျော်ရှိခဲ့ပါတယ်။

" တကယ့် Pokemon Showတွေထဲကလို Pokemonတွေလိုက်ဖမ်းပြီး Trainပေးရမယ့် Pokemon Masterလိုအလုပ်နေရာမျိုးတကယ်ရှိလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ပါဘူး " လို့ Ivy ကနေပြောကြားခဲ့ပါတယ်။

Ivy ဟာ Singapore မှာ Pokemon Go စတင်ရရှိတဲ့အချိန်ကစပြီးတစ်နေ့ကို လေးနာရီကစားရပြီး အခုအချိန်မှာတော့ Level 23 ကိုရောက်ရှိပြီး Pokemon အကောင်ပေါင်း ၁၂၁ကောင်ဖမ်းမိရရှိပြီးဖြစ်ပါတယ်။

အသက် ၂၂နှစ်အရွယ်ရှိ Ivyကို Funzing Singapore ကနေ Pokemonကစားသူတွေကို ဘယ်လိုကစားရမလဲ ပြသပေးဖို့နဲ့ ၃လစာ Pokemon Goပွဲတွေ ကျင်းပပေးဖို့အတွက်အလုပ်ခန့်ထားတာပါ။ စကာင်္ပူမှာဆို ပထမဦးဆုံး Pokemon Go ပွဲကို နောက်လကစပြီး တစ်ပတ်တစ်ခါ Ivyရဲ့ အကြံဉာဏ်နဲ့ Funzing Singaporeတို့ ပူးပေါင်းပြီးကျင်းပတော့မှာဖြစ်ကြောင်းသိရပါတယ်။

Source : nextshark

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။