အီဂျစ်နိုင်ငံ Aswan မြို့ရှိ မီးလောင်ကျွမ်းနေတဲ့ အဆောက်အဦးအတွင်း လျှို့ဝှက်ဆန်းကြယ်စွာ မြုပ်နှံထားတဲ့ နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ ဂူသင်္ချိုင်းတစ်ခုကို ရှေးဟောင်းသုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ရုပ်အလောင်းတွေမှာ သက်ကြီးရွယ်အိုများအပြင် ကလေးများနှင့် မွေးကင်းစကလေးငယ်များ အပါအဝင် အသက်အရွယ်အမျိုးမျိုးရှိ မမ်မီရုပ်အလောင်း ၃၀ ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီသင်္ချိုင်းဟာ (ဘီစီပထမရာစု) တော်လမိုင်းနှင့် ရောမခေတ်က မိသားစုတွေ သေဆုံးသွားရင် မျိုးရိုးစဥ်ဆက်အထိ မြုပ်နှံထားရာ နေရာတစ်ခုဖြစ်တယ်လို့ ပညာရှင်များက မှန်းဆထားခဲ့ကြပါတယ်။ ရှေးဟောင်းသင်္ချိုင်းတွေကို နိုင်းမြစ်တစ်လျှောက်က တောင်ကုန်းပေါ်မှာ အများဆုံးတွေ့ရှိထားခဲ့ပြီး အခြားသင်္ချိုင်းအများစုက မြေအောက် (သို့မဟုတ်) ကျောက်ဆောင်တောင်ကုန်းများတွင် တူးဖော်တွေ့ရှိခဲ့ပေမယ့် ဒီသင်္ချိုင်းဟာ ကြီးမားတဲ့ အဆောက်အဦးအတွင်းကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကို သုတေသီများက ယဇ်ပူဇော်ရာနေရာအဖြစ် အသုံးပြုဖွယ်ရှိတယ်လို့ ယူဆထားခဲ့ကြပါတယ်။
ဘာကြောင့်ဆိုရင် အဆိုပါတွေ့ရှိခဲ့တဲ့ အဆောက်အဦးရဲ့ နံရံတွေမှာ မီးဆိုင်းဘုတ်များအပြင် တိရစ္ဆာန်များရဲ့အရိုးများ အပင်အကြွင်းအကျန်တွေနဲ့ စားပွဲတော်များပါ တွေ့ရှိခဲ့တာပါ။ ဒါ့အပြင် ကြေးနီလည်ဆွဲဘေးမှာလည်း အမျိုးသားတစ်ဦးရဲ့ နာမည်ဖြစ်နိုင်တဲ့ "Nikostratos" ဆိုပြီး ရေးထိုးထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အုတ်ဂူအဝင်ဝကိုသွားတဲ့ လှေကားထစ်တစ်ခုရဲ့အောက်ခြေမှာလည်း ကျိုးပဲ့နေတဲ့ အသီးအနှံလေးတွေပါရှိတဲ့ ပန်းအိုးတစ်လုံးကိုပါ တွေ့ခဲ့ပြီး အဆိုပါ အဆောက်အဦးကြီးဟာ အခန်း ၄ ခန်းဖြင့် တည်ဆောက်ထားတာကြောင့် ဒါဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ သင်္ချိုင်းဖြစ်တယ်လို့ မှတ်ချက်ပေးထားကြပါတာ်။
သတင်း အရင်းအမြစ်៖ Source - Live Science