ကယားတိုက်ပွဲရှောင် ပြည်သူတွေအတွက် တတ်နိုင်သလောက် လိုအပ်နေတာလေးတွေကို သွားရောက်ကူညီ လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/4f/4f122f5ace36d04857df33b287782d925f09fa6b.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

မင်းသားကြီး ဝေဠုကျော်ကတော့ အနုပညာအလုပ်တွေထက် ပြည်သူတွေအတွက် အကျိုးပြုစေမယ့် ပရဟိတလုပ်ငန်းတွေကို ကိုယ်တိုင် ဦးဆောင်ပြီး စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့ပါပြီ။ ဝေဠုကျော်ရဲ့ ပရဟိတလေးဟာ အလှူရှင်များရဲ့ စုပေါင်းကုသိုလ်ဖြင့် တစ်နိုင်ငံလုံးက အခက်အခဲဖြစ်နေတဲ့ သူတွေအတွက် လိုအပ်တာတွေကို ကူညီထောက်ပံ့ လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation

ဒါ့အပြင် ဝေဠုကျော်ဟာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်လေးမှာလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ရှေ့တန်းကနေ အားဖြည့် ကူညီပေးခဲ့ပါသေးတယ်။ ဒီလိုပြည်သူ့အကျိုးတွေကို စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးနေတာကြောင့် ပရိသတ်တွေကလည်း လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ်။ မွန်မြတ်တဲ့ လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်နေတဲ့ ဝေဠုကျော်ဟာ ယခုမှာ အလှူလေးတွေ ထပ်မံပြုလုပ်ခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation

ဒါကတော့ ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်အတွင်းကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် အလှူငွေ၊ဆန်၊စောင် နှင့် အနွေးထည်အသစ် ၊အဝတ်အထည်အသစ်များကို တတ်နိုင်သလောက် သွားရောက် ကူညီ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဝေဠုကျော် လှူဒါန်းပေးခဲ့တဲ့ နေရာတွေကတော့ နောင်တရား၊ ပင်လောင်း၊ ဆီဆိုင်မြို့စတဲ့ မြို့များဖြစ်တယ်လို့ သိရပါတယ်။

Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation
Photo Credit - Wai Lu Kyaw foundation

သတင်း အရင်းအမြစ်Source - Wai Lu Kyaw foundation

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T