မြောက်ဒဂုံက မသန်မစွမ်းခွေးဂေဟာလေးမှာ တတ်နိုင်သလောက် လှူဒါန်းမှုလေးကို ပြုလုပ်ကြခဲ့တဲ့ စန္ဒီမြင့်လွင်တို့ မိသားစု

//s9.kh1.co/06/066bbd0c49d970430416456c883f78d54e9f836c.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင် ကတော့ အနုပညာနယ်မှာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း သူမဟာအနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး ချစ်ရတဲ့ မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။

Photo Credit - Heart
Photo Credit - Heart
Photo Credit - Heart
Photo Credit - Heart

စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာလေးကလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားပြီး ဝဝကစ်ကစ် ပါးဖောင်းဖောင်းလေးနဲ့ အသည်းယားစရာ ကောင်းနေတာ ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း သမီးလေးရဲ့ ချစ်စရာ လှုပ်ရှားမှုလေးတွေအပြင် ကြည်နူးစရာကောင်းတဲ့ သူ့ရဲ့မိသားစုပုံရိပ်လေးတွေကိုပါ ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာတော့ စန္ဒီမြင့်လွင်တို့ မိသားစုဟာ အလှူလေးပြုလုပ်ခဲ့တဲ့ ကြည်နူးစရာ ဗီဒီယိုလေးကို ဖော်ပြလာတာ တွေ့ရပါတယ်။

Photo Credit - Heart
Photo Credit - Heart
Photo Credit - Heart 
Photo Credit - Heart 

ဒီအလှူလေးကတော့ မြောက်ဒဂုံက Better Life Shelter ဂေဟာမှာ မသန်မစွမ်းခွေးလေးတွေအတွက် တတ်နိုင်တဲ့ ဘက်ကနေ အလှူငွေများ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အခြားစေတနာရှင်တွေကိုလည်း ဒီနေရာလေးကို မမေ့မလျှော့ဘဲ လှူဒါန်းပေးကြပါလို့လည်း တိုက်တွန်းထားပါသေးတယ်။ စန္ဒီမြင့်လွင်တို့မိသားစုလေးဟာ သဒ္ဒါတရားထက်သန်စွာ လှူဒါန်းပေးခဲ့ပြီး မွန်မြတ်လှတဲ့ အလှူလေးဖြစ်တာကြောင့် ပရိသတ်တွေလည်း ကုသိုလ်ပွားနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Sandy Myint Lwin

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T