ရန်ပုံငွေရှာပြီးတဲ့အချိန် ဆက်သွယ်စကားပြောခွင့်ရခဲ့တဲ့ ရဲဘော်တွေအတွက် အမှာစကားပြုခဲ့တာကို ပြောပြလာခဲ့တဲ့ ဆောင်းဦးလှိုင်

//s9.kh1.co/83/8348af79020a13c4a99413b3a4ca03a0fd4604d4.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

.

အဆိုတော် ဆောင်းဦးလှိုင်ကတော့ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် ပြည်သူတွေနဲ့ အတူ အားကြိုးမာန်တက် ပါဝင်လုပ်ဆောင် ပေးနေတဲ့ ပြည်သူ့ချစ်အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ သူယုံကြည်ရာကို လျှောက်လှမ်းနေတဲ့ အချိန်လေးမှာလည်း ဘယ်လို အခက်အခဲတွေပဲရှိရှိ ၊ ဘယ်လိုဝေဖန်မှုတွေနဲ့ပဲကြုံကြုံ အကောင်းဆုံး လုပ်ဆောင်သွားတာ တွေ့ရပါတယ်။

Photo Credit - Song Oo Hlaing
Photo Credit - Song Oo Hlaing
Photo Credit - Song Oo Hlaing
Photo Credit - Song Oo Hlaing

ဒါ့အပြင် တိုင်းပြည်အတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့နိုင်အော​င်လည်း ဆောင်းဦးလှိုင်ဟာ အမေရိကန်ပြည်ထောင်စုထဲမှာရှိတဲ့ မြို့ကြီးတွေမှာ တစ်ကိုယ်တော် လှည့်လည်ပြီး တေးသီချင်းများကို ဖျော်ဖြေပေးခြင်းများနှင့် သူပိုင်ဆိုင်တဲ့ ဂစ်တာလေးတွေကို လေလံတင်ရောင်းချခြင်းများပြုပြီး ရန်ပုံငွေရရှိရေးအတွက် လုပ်ဆောင်ခဲ့ပါတယ်။ အမှန်တရားကိုပဲ လိုလားတဲ့သူ ဖြစ်တာကြောင့် လွဲမှားနေတာတွေတွေ့ရင်လည်း ခပ်ပြတ်ပြတ် ဝေဖန်ထောက်ပြပေးတဲ့ သူပါ။

Photo Credit - Song Oo Hlaing
Photo Credit - Song Oo Hlaing
Photo Credit - Song Oo Hlaing
Photo Credit - Song Oo Hlaing

ယခုမှာလည်း တောတောင်ထဲမှာ အပင်ပန်းဆင်းရဲခံ နေထိုင်ကြရတဲ့ လူငယ်တွေကို ဆက်သွယ်စကားပြောခဲ့တာလေးကို ပြောပြလာခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ပြင်းပြတဲ့ ခံယူချက်တွေကို ဖွင့်ဟထားတဲ့အပြင် နာမည်၊ နေရာရဖို့ လုပ်နေတဲ့အထဲမှာ မပါတဲ့အကြောင်းလေးကိုလည်း ပြတ်ပြတ်သားသား ပြောပြခဲ့ပါတယ်။ ဒီလို ခံယူချက်ပြင်းပြပြီး ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်နေ ကူညီလုပ်ဆောင်ပေးနိုင်အောင် ဆောင်းဦးလှိုင်ကို အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်။

https://s9.kh1.co/__image/w=600,h=981,q=100/65/65ab81d732ef5ba20aa10acdf9fec14e2e0cea85.jpg

သတင်း အရင်းအမြစ်Source - Song Oo Hlaing

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T