ဘီစီ ၁၃၅၃ ခန့်က Amenhotep III ဘုရင်ကို ပုံဖော်ထုဆစ်ထားခဲ့တဲ့ ဧရာမစဖင်းရုပ်ထုကြီး နှစ်ခု

//s9.kh1.co/8e/8e3f8eb5ac6518fb763466d0b55bc910564eb6d8.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

အီဂျစ်နိုင်ငံက ရှေးဟောင်း သုတေသနပညာရှင်များဟာ ဘုရင် Amenhotep III ရဲ့ ဧရာမထုံးကျောက်ရုပ်တုနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီရုပ်ထုနှစ်ခုစလုံးဟာ စဖိန်းနဲ့တူတဲ့ ရုပ်ပွားတော်များဖြစ်ပြီး အရှည်မှာ မူလက ၂၆ ပေ (၈ မီတာ) ခန့် ရှိတယ်လို့ ဆိုပါတယ်။ ဒီရုပ်ထုတွေကို (ဘီစီ ၁၃၅၃) ခန့်က မင်းဆက် ၁၈ ဆက်မြောက်ဘုရင်ဖြစ်တဲ့ Amenhotep III ဘုရင်ကို ပုံဖော်ထုဆစ်ထားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Live Science
Photo Credit - Live Science
Photo Credit - Live Science
Photo Credit - Live Science

အဆိုပါ ရုပ်ထုတွေကို Amenhotep III ဘုရင်ရဲ့ ရှေးဟောင်းမြို့တော် Thebes မြို့ရှိ sphinxes ဘုရာကျောင်းကို ပြန်လည်တူးဖော်ရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ ဒီရုပ်ထုတွေကို တွေ့ရဖို့ဆိုတာကတော့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ ဘုရာကျောင်းအတွင်းမှာ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ခြင်္သေ့ဦးခေါင်းလို ပုံဖော်ထား Sakhmet ရုပ်ထုသုံးခုကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ Amenhotep III ဘုရင်ရဲ့ ရှေးဟောင်းမြို့တော်ဟာ ဘီစီ ၁၂၀ လောက်မှာ ငလျင်မလှုပ်ခဲ့ခင်က သက်ဝင်လှုပ်ရှားတဲ့ ရုပ်တုများစွာအပြင် ဘုရားကျောင်းအတွင်းမှာလည်း နံရံဆေးရေး ပန်းချီတွေနဲ့ အလှဆင်ထားတာဖြစ်ပါတယ်။

Photo Credit - Live Science
Photo Credit - Live Science
Photo Credit - Live Science
Photo Credit - Live Science

လက်ရှိမှာတော့ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒဏ်ကြောင့် ဘုရားကျောင်းဟာ ပျောက်ကွယ်လုဆဲ ဖြစ်သွားခဲ့ပါတယ်။ ပညာရှင်များကလည်း အဆိုပါနေရာကို သွားရောက်လေ့လာခဲ့ပြီးနောက်ပျက်စီးနေတဲ့ ရှေးဟောင်းရုပ်ထုတွေကို ပြန်လည်ပြုပြင်ပြီး အရင်မူလနေရာတွေမှာ နောင်လာနောင်သားတွေကို ပြသဖို့ သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ ထားဖို့ကိုလည်း စီစဉ်ထားခဲ့ပါတယ်။ ဒီရုပ်ထုတွေကို ကြည့်ခြင်းအားဖြင့် အီဂျစ်လူမျိုးတွေဟာ ရှေးနှစ်ရာစုတွေကတည်းက သူတို့ရဲ့ အရှင်သခင်ကို ဘယ်လောက်ထိ တန်ဖိုးထားခဲ့သလဲဆိုတာကို ကောင်းစွာသိနိုင်ပါတယ်။

Photo Credit - Live Science
Photo Credit - Live Science

သတင်း အရင်းအမြစ်Source - Live Science

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T