အစာမစားနိုင်လောက်အောင် ကြီးထွားလာတဲ့သွားကြောင့် ဆရာ၀န်ဆီပြေးခဲ့ရတဲ့ ငါးပူတင်းလေး

//s9.kh1.co/e8/e86018e38e01ca1e6d5a888475abbbafefae0735.jpg
နေ့စဉ်သတင်းများ

 ၂၆-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ငါးပူတင်း‌ေလးတစ်ကောင်ဟာ အစာမစားနိုင်လောက်အောင် သွားဟာ ကြီးထွားလာတာ‌ေကြာင့် တိရစ္ဆာန်ဆရာ၀န်ဆီ အပြေးအလွှားပြေးခဲ့ရပါတယ်။ Goldie ဆိုတဲ့ ငါးပူတင်းလေးဟာ ကိုယ်အလေးချိန်ကျနေတာကြောင့် သူမရဲ့ပိုင်ရှင်ဖြစ်သူ Mark Byatt အသက် 64 နှစ်ဟာ သူမအား ထုံဆေးအပျော့စားဖြင့် စိတ်ငြိမ်ဆေးပေးကာ တိရစ္ဆာန်ဆရာ၀န်ဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/30/306c705731961374a51d0874a11670c059596147.jpg
https://s9.kh1.co/__image/w=615,h=461,q=100/7d/7d71348d658c3a454a1e5c395be07190d7a05306.jpg

အခွံမာတဲ့ ငါးများရဲ့ အစာဟာ အများအားဖြင့် သူတို့ရဲ့သွားများနဲ့ သဘာဝအတိုင်း ကြိတ်ပေး‌ေပမယ့်လည်း Goldie အတွက်‌ေတာ့ မဟုတ်ခဲ့ပါဘူး။ အကြောင်းမှာ သူရဲ့သွားများဟာ သာမန်ထက် ပိုမိုကြီးထွားလာနေခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ သွားတွေကကြီးလာတဲ့အချိန်မှာ အစာစားဖို့က ခက်ခဲခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=733,q=100/db/dbadd93ca0c1db38a569f1b70ced77cd1888cd40.jpg

အဲ့နောက် ဆေးခန်းရောက်ချိန်မှာတော့ ကျွမ်းကျင်တိရစ္ဆာန်သွားဆရာဝန်များဟာ ငါးလေးရဲ့ သွားများကို တစ်ဝက်တစ်ပျက်ဖြင့် ညင်သာစွာ ဖြတ်တောက်ရန် အထူးလွှကို အသုံးပြုခဲ့ကြပါတယ်။ Mr Byatt ဟာ ယခုအခါ အသက်ငါးနှစ်အရွယ် Goldie ကို အိမ်ပြန်ပို့ခဲ့ပြီး ပုံမှန်အတိုင်း ပြန်စားခွင့်ရတဲ့အတွက် ပီတိဖြစ်နေခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=819,q=100/ce/cefc36afcc02874b95cc60ccc85fbf524d735851.jpg

သတင်း အရင်းအမြစ်Daily Star

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T