Running Man ရဲ့ Monday Couple ဂျီဟိုနဲ့ ဂယ်ရီ လွဲခဲ့ရတဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ ဂျုံကု

//s9.kh1.co/50/507512f7b54026bb7726355fbcde95fd78786fcf.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

ကမ္ဘာအနှံ့က ပရိသတ်အကြိုက်ဖြစ်တဲ့ ရသစုံ တီဗီရှိုး Running Man ရဲ့ Monday couple ဆိုပြီး နာမည်ကြီးတဲ့ ဆုန်းဂျီဟိုနဲ့ ကန်ဂယ်ရီတို့ အတွဲကို အားလုံး ချစ်ခဲ့ကြရပါတယ်။ အပြင်မှာ တကယ် မတွဲခဲ့ကြပေမဲ့ ဖန်သားပြင်မှာ မြင်ရတဲ့ သူတို့အတွဲလေးဟာ အရမ်းလိုက်ဖက်လွန်းလို့ ပရိသတ်တွေ ကြွေခဲ့ရတာပါ။ တစ်ချိန်ချိန်တော့ နှစ်ယောက်သား တွဲသွားလိမ့်မယ်လို့လည်း အားလုံးက မျှော်လင့်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=436,q=100/d8/d865f08f547cfc0b808e62be02c8b37d0f7a736a.jpg

ဒါပေမဲ့ ၂၀၁၆ မှာ ဂယ်ရီက Running Man နဲ့ ဂျီဟို့ကို ထားခဲ့ပြီး အိမ်ထောင်ပြုသွားပါတော့တယ်။ မကြာခင်ပဲ သားလေးတစ်ယောက်ပါ ရခဲ့ပါတယ်။ ပရိသတ်တွေအားလုံးလည်း အသည်းကွဲခဲ့ရတာပေါ့။ ဂျီဟိုကလည်း နောက်ပိုင်း ရှိုးထဲမှာ အရင်လို ပျော်ရွှင်တက်ကြွမှု မရှိဘဲ နည်းနည်းမှိုင်နေတာလေးတွေ တွေ့တော့ ပိုပြီး ဝမ်းနည်းခဲ့ကြရပါတယ်။

https://s9.kh1.co/__image/w=650,h=732,q=100/51/51a704cf3f5dc12003a913a7a9e80030ae4645e6.jpg

ဒါပေမဲ့ ဂယ်ရီတို့ ဇနီးမောင်နှံဟာ သားလေးတစ်ယောက်ရပြီး Return of Superman ဆိုတဲ့ မိသားစုအစီအစဥ်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ပါဝင်ခဲ့ပါတယ်။ အနုပညာလောကက မဟုတ်ပေမဲ့ ချောမောလွန်းတဲ့ ဇနီးရယ် ချစ်စရာ သားလေးရယ်နဲ့ ပျော်နေတဲ့ ဂယ်ရီ့ကို မြင်ရတော့လည်း ပရိသတ်တွေက အားပေးကြပြန်တာပါပဲ။ တစ်ဖက်မှာတော့ အပျိုကြီး လုပ်နေဆဲ ဂျီဟို့ကို Running Man ထဲက ကင်ဂျုံကုနဲ့ တွဲစေချင်နေကြပါတယ်။ ရှိုးထဲမှာ နှစ်ယောက်သား ကြင်နာနေတဲ့ပုံလေးတွေ တစ်ခါတလေ တွေ့လာရပါတယ်။

https://s9.kh1.co/__image/w=650,h=409,q=100/38/38aceed416720c4d970687527ccd0c73e7e0515b.-cu8bxvn3q92bdfrpyhxzi0fhp4xjrk7yptaysqglegooz57frpytehe2ffem-1nloz3sq3ihpqsnveqi0gidt11nu_mevrfrbqhx_evilrtups=w960-rj-nu-e365

ပြီးခဲ့တဲ့ အပတ်မှာတော့ ဂျုံကုက စကားစပ်မိရင်း ဂျီဟိုနဲ့ ဂယ်ရီ့အကြောင်း ပြောလိုက်မိပါတယ်။ အရင်တုန်းက ဂယ်ရီက ဂျီဟို့ကို ကြိုက်ခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ဂျီဟိုက ငြင်းခဲ့လိုက်တာပါ။ အဲဒီတုန်းကသာ မငြင်းခဲ့ရင် Monday couple ကို ခုထိ မြင်ရမှာဖြစ်ပြီး Return of Superman မှာလည်း ဂျီဟို-ဂယ်ရီ မိသားစုလေး ဖြစ်လာမှာလို့ ပြောခဲ့တာပါ။ ဒါကို ကြားလိုက်ရတဲ့အချိန်မှာ ဂျီဟိုက ဝမ်းလည်းနည်း၊ ရှက်လည်း ရှက်သွားပုံ ရပါတယ်။ ဘာစကားမှတော့ ပြန်မပြောခဲ့ပါဘူးတဲ့။ အခုတော့ ပရိသတ်တွေ မျှော်လင့်စရာက ဂျီဟိုနဲ့ ဂျုံကုအတွဲလေးဆိုတော့ ဒီတစ်ခါတော့ မငြင်းပါနဲ့တော့လို့ မျှော်လင့်ကြတာပေါ့နော်။

https://s9.kh1.co/__image/w=650,h=811,q=100/e4/e424c35d8c5658221b5b28d7166a207acb433bba.jpg

Credit - kbizoom.com

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T