သားငယ်သမီးငယ်လေးတွေကို အရုပ်လေးတွေဝေပေးနေတဲ့ ပရဟိတမင်းသမီးခိုင်နှင်းဝေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/0d/0daba60fe7a848ca0c7917e4b8d924d57f7acd29.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

သားငယ်သမီးငယ်လေးတွေကို အရုပ်လေးတွေဝေပေးနေတဲ့ ပရဟိတမင်းသမီးခိုင်နှင်းဝေရဲ့ ဗီဒီယိုဖိုင်

ပရဟိတမင်းသမီးခိုင်နှင်းဝေဟာဆိုရင် နေရာဒေသအသီးသီးက ကလေးငယ်လေးများကို ဂေဟာဖွင့်လှစ်ပေးပြီး မိမိရဲ့ သားသမီးများသဖွယ့် စောင့်ရှောက်ပေးနေတဲ့သူဖြစ်ပါတယ် ။ ဂေဟာအသစ်ကြီးလည်း ဖွင့်ထားပြီဖြစ်တာကြောင့် အခုဆိုရင် ကလေးငယ်လေးတွေအရေအတွက်ဟာလည်း ပိုပိုများလာပြီပဲဖြစ်ပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

အရေအတွက်ပိုပိုများများလာတဲ့ ကလေးတွေကို ခိုင်နှင်းဝေမှ အဝတ်အစားဆို အဝတ်အစား ၊ အစားအသောက်ဆို အစားအသောက် ၊ အနေအထိုင် ၊ ကျန်းမာရေး အားလုံး အဆင်ပြေပြေဖြစ်အောင် စောင့်ရှောက်မှုလေးတွေ ပေးနေတာပဲဖြစ်ပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

ဒီတစ်ခေါက်မှာလည်း ပရဟိတမင်းသမီး ခိုင်နှင်းဝေမှ သူမစောင့်ရှောက်ထားတဲ့ ဂေဟာမှ သားသားမီးမီးလေးတွေကို အရုပ်လေးတွေ ဝေပေးခဲ့ပါတယ်။ ကလေးငယ်လေးတွေကို အရုပ်လေးတွေ ဝေပေးနေတဲ့ ဗီဒီယိုလေးကို ခိုင်နှင်းဝေမှ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “အရုပ်သည်ကြီးလာပါပြီရှင့်” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ တင်ပေးလာတာပဲဖြစ်ပါတယ်။

ဗီဒီယိုထဲမှာဆိုရင် အရုပ်အထုပ်ကြီးနဲ့ရောက်လာတဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေဆီကို ကလေးငယ်လေးတွေ အပြေးရောက်ရှိနေတာဖြစ်ပါတယ်။အရုပ်လေးတွေ တိုးကြိတ်ပြီး လုနေကြတဲ့ ကလေးငယ်လေးတွေကလည်း တကယ်ကို ချစ်ဖို့ကောင်းလှပါတယ်နော်။ ဗီဒီယိုလေးကို ကြည့်ရတာ တကယ်ကို ကြည်နူးစရာလေးပါ။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T