မျက်လုံးကို ကြည့်တာနဲ့ သေဆုံးမယ့်အချိန်ကို ခန့်မှန်းနိုင်ကြောင်း ပညာရှင်များ လေ့လာတွေ့ရှိ

//s9.kh1.co/60/606fe303181d535d15b30abb37ac404f170494c4.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဇန်-၂၀၂၂ ၁၀pm · လွန်ခဲ့သော ၂ နှစ် က

.

လူတစ်ယောက်ရဲ့ မျက်လုံးကိုကြည့်လိုက်ခြင်းအားဖြင့် သူ့ရဲ့သေဆုံးမယ့်အချိန်ကို ခန့်မှန်းနိုင်တယ်ဆိုတာ သင်သိပါသလား... သိပ္ပံပညာရှင်များရဲ့ လေ့လာမှုအရ လူတစ်ဦးရဲ့ မျက်လုံးအတွင်းရှိ သေးငယ်သောသွေးကြောလေးတွေကို စစ်ဆေးမယ်ဆိုရင် တစ်နေ့မှာ ထိုလူရဲ့ သေဆုံးနိုင်မယ့်အချိန်ကို ခန့်မှန်းနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။ဒါပေမယ့် လူတစ်ယောက်ရဲ့ နာမကျန်းမှုနှင့် သေဆုံးမယ့်အချိန်ဟာ အချိန်နှင့်တပြေးညီရှိပေမယ့် အသက်အရွယ်တူ လူတစ်ဦးချင်းကြားမှာ အနည်းငယ် ပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။

Photo Credit - Google
Photo Credit - Google

သိပ္ပံပညာရှင်များရဲ့ လေ့လာမှုအသစ်မှာ မြင်လွှာရဲ့ ဇီဝအသက်ကို ပိုင်းခြားစိတ်ဖြာခြင်းဖြင့် လူတစ်ဦးသေဆုံးနိုင်ခြေကို ကြိုတင်ခန့်မှန်းနိုင်တဲ့ နက်နဲတဲ့နည်းပညာကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီနည်းပညာဟာ လူသားဦးနှောက်နှင့် ဆင်တူတဲ့ လေ့လာမှုပုံစံအရ fundus ရုပ်ပုံပေါင်း ၈ သောင်းကျော်နဲ့ မြင်လွှာအပါအဝင် မျက်လုံးအတွင်းပိုင်းရဲ့ နောက်ကျောမျက်နှာပြင်ကိုလည်း ခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။

Photo Credit - Google
Photo Credit - Google

ဒီလို ဇီဝဆေးဘက်ဆိုင်ရာဒေတာတွေကိုတော့ အသက် ၄၀ နှစ်ကနေ ၆၉ နှစ်ကြားရှိ လူပေါင်း ၄၇၀၀၀ နီးပါးထံမှ ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အသက်ကို တိကျမှု ရှိ၊ မရှိ သိရှိနိုင်ဖို့ကိုလည်း ကျန်းမာရေး ကောင်းမွန်တဲ့သူ အပါအဝင် လူပေါင်း ၁၁,၀၀၀ ကျော်မှ ရယူထားတဲ့ ပုံရိပ်ပေါင်း ၁၉,၀၀၀ ကျော်ကိုလည်း ခွဲခြားလေ့လာထားခဲ့ပါတယ်။

Photo Credit - Google
Photo Credit - Google

အသက်ကွာခြားချက်ရှိသူများဟာ နှလုံးသွေးကြောရောဂါ ၊ ကင်ဆာ နဲ့ အခြားအကြောင်းရင်းများကြောင့် သေဆုံးနိုင်ခြေဟာ ၄၉% မှ ၆၇% ထက်ပိုများလာမှာဖြစ်ပြီး အဲ့ဒီအသက်ထက် တစ်နှစ်ထက်တစ်နှစ် ကြီးလာတာနဲ့အမျှ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေဟာ ၂%သာရှိပြီး နှလုံးသွေးကြောဆိုင်ရာရောဂါ နှင့် ကင်ဆာ မဟုတ်တဲ့ အခြားအကြောင်းရင်းများကြောင့် သေဆုံးနိုင်ခြေဟာ ၃% ထိ တိုးလာမယ်လို့ ဆိုပါတယ်။ ဒီတွေ့ရှိချက်တွေကတော့ မျက်ကြည်လွှာအရွယ်ဟာ အိုမင်းရင့်ရော်ခြင်းရဲ့ ဆေးဘက်ဆိုင်ရာ သိသာထင်ရှားတဲ့ biomarker တစ်ခု ဖြစ်နိုင်တယ်လို့လည်း စာရေးဆရာများက ရေးသားခဲ့ဖူးပါတယ်။

Photo Credit -Google
Photo Credit -Google

သတင်း အရင်းအမြစ်Source - Live Science

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T