အသည်းကွဲ​နေတဲ့သူများအတွက် အသည်းကွဲ​တဲ့ဒဏ်ကို ဘယ်လိုကုစားသင့်သလဲ ဆိုတာလေးကို ပြောပြလာခဲ့တဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/2c/2ca5cd0bd4f86b8045da85b1635a1cf5d2d94a06.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

တစ်ခေတ်တခါက အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းခဲ့တဲ့ မော်လ်ဒယ် သရုပ်ဆောင် ဥက္ကာမင်းမောင် ကိုတော့ ပရိသတ်တွေ သိကြမှာပါ။ သူဟာ ဇာတ်ကားများစွာလည်း ရိုက်ကူးထားခဲ့တဲ့အပြင် Mister Tourism World 2016 Winner ဆုကြီးကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါသေးတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး New York မြို့မှာ သွားရောက် အခြေကျနေထိုင်နေတာ ဖြစ်ပါတယ်။

Photo Credit - Okkar Minmaung
Photo Credit - Okkar Minmaung
Photo Credit - Okkar Minmaung
Photo Credit - Okkar Minmaung

ဒါ့အပြင် ဥက္ကာမင်းမောင်ဟာ LGBT တစ်ယောက်ဖြစ်ကြောင်းလည်း ပရိသတ်တွေကို ဖွင့်ဟဝင်ခံထားပြီး လူမျိုးခြား လိင်တူချစ်သူ နဲ့အတူ ကြည်နူးစရာကောင်းတဲ့ relationship တစ်ခုကို တည်ဆောက်ထားခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာကတော့ ဥက္ကာမင်းမောင်တို့ ချစ်သူနှစ်ဦးဟာ သဘောထားခြင်း မတိုက်ဆိုင်တော့တဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက လမ်းခွဲလိုက်ကြပြီလို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

Photo Credit - Okkar Minmaung
Photo Credit - Okkar Minmaung
Photo Credit - Okkar Minmaung
Photo Credit - Okkar Minmaung

ဒီကနေ့မှာတော့ ဥက္ကာမင်းမောင် ဟာ အသည်းကွဲ​နေတဲ့သူများအတွက် အသည်းကွဲ​တဲ့ဒဏ်ကို ဘယ်လိုကုစားသင့်သလဲ၊ ဘာ​တွေလုပ်သင့်သလဲ၊ ဘယ်လို Move on လုပ်ရမလဲ ဆိုတာလေးကို ပြောပြလာခဲ့တာ တွေ့ရပါတယ်။ ဒီဗီဒီယိုလေးဟာ အသည်းကွဲနေတဲ့အချိန်လေးမှာ သူဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ပါ သေသေချာချာ ဖွင့်ဟထားခဲ့တာဖြစ်ပါတယ်။ Myanmarload ပရိသတ်တွေထဲမှာလည်း အသည်းကွဲ​နေတဲ့သူများရှိရင်တော့ ဒီဗီဒီယိုလေးက အကျိုးဖြစ်စေမှာတော့ အမှန်ပါ။

သတင်း အရင်းအမြစ်Source - Okkar Minmaung

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T