နှစ်ပေါင်း ၄၈၀ မှာ တစ်ကြိမ်သာ မွေးဖွားနိုင်တဲ့ ဖြစ်စဉ်ကို သမိုင်းတင် မွေးဖွားနိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် မိခင်

//s9.kh1.co/e8/e8ab14688450b2bb4880e4f0793053bc94accc12.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

လူအများစုဟာ ကျန်းမာတဲ့ ကလေးတစ်ဦးကို မွေးဖွားခြင်းဟာ အံ့ဖွယ်တစ်ခုလို့ ယူဆရင်

လူအများစုဟာ ကျန်းမာတဲ့ ကလေးတစ်ဦးကို မွေးဖွားခြင်းဟာ အံ့ဖွယ်တစ်ခုလို့ ယူဆကြပါတယ်။ ဒါ့ကြောင့် တစ်ဦးမဟုတ်၊ နှစ်ယောက်မဟုတ်၊ တစ်ကြိမ်လျှင် ကလေးငါးယောက် မွေးမည်ကို မြင်ယောင်ကြည့်ပါ။ Alexandra Kinova ဟာ Czech Republic ရဲ့သမိုင်းတွင် quintuplets ကိုမွေးဖွားတဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။ Quintuplets ဆိုတာကတော့ ကလေး ၅ ယောက်မွေးဖွားခြင်းကို ဆိုလိုပါတယ်။ Czech Republic တွင် quintuplets များဟာ ပျမ်းမျှအားဖြင့် " နှစ် 480 လျှင် တစ်ကြိမ် မွေးသည်” ဟု ဆရာဝန် Alena Mechurova က ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/79/79a230dee78333c3887754b75bb51c223148f097.jpg

အသက် 23 နှစ်အရွယ် Alexandra Kinova နှင့် Czech Republic မှ Antonin တို့ဟာ သူတို့ရဲ့ ဒုတိယမြောက်သားလေးမွေးဖွားခြင်းကို စိတ်လှုပ်ရှားစွာ စောင့်မျှော်ခဲ့ကြပါတယ်။ သူတို့ ဇနီးမောင်နှံမှာ သားလေးတစ်ယောက်ရှိပြီးသားဖြစ်ကာ မိသားစုတွေ တိုးချဲ့ရလို့ အရမ်းပျော်နေပါတယ်။ Alexandra ရဲ့ ဒုတိယမြောက် အာထရာဆောင်းတွင် သူတို့ အမွှာမွေးတော့မည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်ခဲ့ရပါတယ်။ အဲ့နောက်သူဆို့ဟာ မိသားစု ၃ ယောက်ကနေ ၅ ယောက်ဖြစ်လာမယ်လို့ပဲ ထင်ခဲ့ကြပါတယ်။ သူတို့စုံတွဲဟာ သူတို့ရဲ့ဘဝတွေ ဘယ်လောက်ထိ သိသိသာသာပြောင်းလဲသွားတော့မယ်ဆိုတာကို လုံးဝမသိခဲ့ကြပါဘူး။

https://s9.kh1.co/__image/w=390,h=285,q=100/7c/7c967bb7806795e67a6a8668ec0f8f3d68cb2e83.jpg

သူမရဲ့အစာအိမ်ဟာ ပုံမှန်မဟုတ်တဲ့နှုန်းဖြင့် ကြီးထွားနေတာကြောင့် ဆရာဝန်များကို အာထရာဆောင်းရိုက်ရန် ထပ်မံတောင်းဆိုခဲ့ပါတယ်။ ဓါတ်ပုံများနှင့် ဆေးဘက်ဆိုင်ရာ ထင်မြင်ချက်များစွာ ပေးပြီးနောက်တွင် သူမဟာ ကလေးလေးယောက် လွယ်ထားကြောင်း ဆရာဝန်များက ထုတ်ဖော်ခဲ့ပါတယ်။ ဒါဟာ အံ့ဩစရာမဟုတ်သေးရင်း တစ်လအကြာမှာတော့ အခြားသူများနောက်တွင် ပုန်းအောင်းနေတဲ့ ပဉ္စမမြောက်က‌ေလးကို ဆရာဝန်များက တွေ့ရှိခဲ့ပါတယ်။ Alexandra နှင့် Antonin Kinova တို့ဟာ quintuplets ရှိနေပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=620,h=328,q=100/2d/2dfe39c8e78fbb58c34d7c02a68178680b5ebb56.jpg
https://s9.kh1.co/__image/w=650,h=367,q=100/23/2380ad7a2b2bab68d5f7c68d6c776cda754250d1.webp

Alexandra ဟာ ခွဲစိတ်ကုသခြင်းမှတစ်ဆင့် သူမရဲ့ quintuplets ကို မွေးဖွားခဲ့ပါတယ်။ ကလေးများတဲ့အတွက် ခွဲမွေးတာဟာ အကောင်းဆုံးဖြစ်ကြောင်း ဆရာ၀န်တွေက အကြံပေး မွေးခဲ့တာဖြစ်ပါတယ်။ Prague ရဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအင်စတီကျုမှဆရာဝန်များရဲ့အဆိုအရ လုပ်ငန်းစဉ်တစ်ခုလုံးဟာ အလွန်ချောမွေ့ခဲ့ပါတယ်။ ဆေးရုံတွင် quintuplets များမွေးဖွားရန်အတွက် ဆရာ၀န်အပါအ၀င် ၀န်ထမ်းအယောက် ၄၀ ရှိခဲ့ပါတယ်။ ထိုအရေအတွက်တွင် ကလေးတစ်ဦးလျှင် သူနာပြု နှစ်ဦးပါဝင်ပါတယ်။

https://s9.kh1.co/__image/w=650,h=457,q=100/28/282dce7b2571a5417f763a53738749b43c0c3fb5.jpg
https://s9.kh1.co/__image/w=600,h=601,q=100/85/8562308d9a215d1b0f08b147746e84fc818a8da2.webp

ကလေးမွေးဖွားပြီးနောက်တွင် ဆရာဝန်များက မိခင်နှင့်သူရဲ့ကလေးများအား အထူးကြပ်မတ်ကုသဆောင်တွင် ထားရှိကာ စောင့်ကြည့်စစ်ဆေးခဲ့ပါတယ်။ တစ်မိသားစုလုံး ကျန်းကျန်းမာမာ ရှိခဲ့ကြပါတယ်။ Alexandra ဟာ ယောက်ျားလေးလေးယောက်နှင့် မိန်းကလေးတစ်ဦးကို မွေးဖွားခဲ့တာဖြစ်ပြီး ကောင်လေး‌ေတွရဲ့အမည်မှာ Deniel၊ Michael၊ Alex နှင့် Martin ဖြစ်ပြီး မိန်းကလေးရဲ့ အမည်မှာ Terezka ဖြစ်ပါတယ်။ ကလေးမွေးတာနဲ့ပတ်သက်ပြီး အကုန်အဆင်ပြေခဲ့ပေမယ့် အဖေဖြစ်သူကတော့ ရှိမနေခဲ့ပါဘူး။ အကြောင်းမှာ ရထားမမှီခဲ့လို့ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=400,h=262,q=100/c9/c9bdc8f6a1e38600e5555415f40480cbcf5da105.jpg

သတင်း အရင်းအမြစ်Alldelish

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T