Cilian Murphy နဲ့ နှစ်ယောက်သား သေနတ်ကိုယ်စီနဲ့ ခပ်မိုက်မိုက် ပို့စ်ပေးထားတဲ့ ပုံလေးကို မျှဝေခဲ့တဲ့ Peaky Blinders မင်းသား

//s9.kh1.co/a7/a79472ac8e82f3ad3672169862cf1a891ff42ee9.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

မကြာခင်မှာ နောက်ဆုံးအပိုင်း ထွက်တော့မယ့် ဗြိတိန် ဒရာမာအက်ရှင်စီးရီး Peaky Blinders ဟာ ကြော်ငြာတွေ တစ်ခုပြီးတစ်ခု ထွက်ရင်း ပရိသတ်ကို ရင်ခုန်နေစေပါတယ်။ ဘာလိုလိုနဲ့ အပိုင်း ၁ စတင် ရိုက်ကူးခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကပါတဲ့။

https://s9.kh1.co/__image/w=634,h=771,q=100/73/73f50dd9e8bc6bba6b9f65ce07b0593b69298440.jpg

အမှတ်တရ အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ရိုက်ကွင်းမှာ ဇာတ်လိုက်မင်းသား Cilian Murphy နဲ့ တွဲရိုက်ထားတဲ့ ပုံလေးကို Paul Anderson က သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။ Cilian က တော်မီအဖြစ် သရုပ်ဆောင်ပြီး Paul က သူ့အစ်ကို အာသာအဖြစ် သရုပ်ဆောင်ထားတာပါ။ ဂိုဏ်းစတားညီအစ်ကိုရဲ့ ရိုက်ကွင်းပေါ်က သေနတ်ကိုယ်စီနဲ့ ပုံကလည်း ချစ်စရာကြီးတွေပါပဲ။

https://s9.kh1.co/__image/w=634,h=756,q=100/2d/2d543d1d5f637882ced2d2f66cfadc0888d5f190.jpg

နောက်ဆုံးအပိုင်းက ဘယ်နေ့ထွက်မလဲ အတိအကျမသိရသေးပါဘူး။ ပရိသတ်တွေကတော့ မြင်ချင်လွန်းလို့ လည်ပင်းရှည်နေပါပြီ။ ဒီနောက်ဆုံး season လေးမှာတော့ တော်မီတို့ရဲ့ အဒေါ် Polly နေရာက သရုပ်ဆောင်တဲ့ ဝါရင့် မင်းသမီးကြီး Helen McCrory မပါဝင်နိုင်တော့ပါဘူး။ သူမရဲ့ ကွယ်လွန်မှုဟာ အဖွဲ့သား အားလုံးကို ဝမ်းနည်းစေခဲ့ပါတယ်။ ရိုက်ကွင်းမှာ Helen ကို တကယ်လွမ်းမိတယ်လို့ Cilian Murphy ကိုယ်တိုင်က ဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=631,h=867,q=100/76/7630663de31348d9c92d067a4c735582d161be99.jpg

Helen မပါတော့ပေမဲ့ တခြား ကာရိုက်တာတွေတော့ အရင်လို ပါဦးမှာပါ။ ဒီတစ်ခါက နောက်ဆုံး season ဖြစ်ပြီး အမိုက်ဆုံး အကြမ်းဆုံး ဇာတ်ဝင်ခန်းတွေ ပါလာမှာပါ။

https://s9.kh1.co/__image/w=634,h=315,q=100/cc/cc1b526d2aa896c6c95afa403167a70f9471e40f.jpg

trailer တွေအရ တော်မီတစ်ယောက် နောက်ဆုံးအပိုင်းမှာ အသက်ပေးလိုက်ရမယ်လို့ တချို့က ထင်ကြေးပေးနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကြည့်ရဖို့ ရင်ခုန်နေပါပြီ။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T