Metaverse မှာ ဥာဏ်ရည်တု နှင့် အခြေခံနည်းပညာများ တည်ဆောက်နိုင်တဲ့ AI စူပါကွန်ပျူတာအသစ်ကို ထုတ်ဖော်ပြသ

//s9.kh1.co/33/33f5b6f7fd6d607b72e8d4368be2a2ee0e62c80c.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ metaverse နယ်ပယ်မှာ သုတေသနကို မြှင့်တင်လုပ်ဆောင်နိုင်ဖို့ ဥာဏ်ရည်တု အခြေခံအဆောက်အအုံ နှင့် အခြေခံနည်းပညာများကို တည်ဆောက်နိုင်တဲ့ စူပါကွန်ပျူတာအသစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ AI Research SuperCluster (RSC) လို့ခေါ်တဲ့ စက်အသစ်ဟာ ယနေ့ လည်ပတ်နေတဲ့ အလျင်မြန်ဆုံး AI စူပါကွန်ပျူတာများထဲမှာ ပါဝင်ပြီး ၂၀၂၂ နှစ်အလယ်ပိုင်းလောက်မှာ အပြီးတည်ဆောက်ထားနိုင်မှာဖြစ်သလို အကျိုးရလဒ်များအနေနဲ့ ကမ္ဘာ့အမြန်ဆုံး AI စူပါကွန်ပျူတာ ဖြစ်လာမည်ဖြစ်ကြောင်း Meta မှ ပြောကြားခဲ့ပါတယ်။

Photo Credit - The National
Photo Credit - The National
Photo Credit - The National
Photo Credit - The National

AI စူပါကွန်ပျူတာရဲ့ လုပ်ဆောင်နိုင်မယ့် စွမ်းရည်ဟာ (ဥပမာ) ထရီလီယံပေါင်းများစွာမှ သင်ယူနိုင်တဲ့ AI မော်ဒယ်လ်အသစ်များကို တည်ဆောက်နိုင်ခြင်း၊ ဘာသာစကားရာနှင့်ချီအလုပ်လုပ်နိုင်သလို ရုပ်ပုံများနှင့် ဗီဒီယိုများကိုလည်း ကောင်းမွန်စွာ ခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာများကို ဖြေရှင်းရာမှာလည်း သာမန်ကွန်ပျူတာများထက် များစွာအထောက်အကူပြုနိုင်မယ်ဆိုတဲ့ သဘောပါ။

Photo Credit - The National
Photo Credit - The National
Photo Credit - The National
Photo Credit - The National

ဒီထဲမှာတော့ ဆေးဝါးအသစ်တွေကို ရှာဖွေနိုင်ခြင်း ၊ ကပ်ရောဂါကို တိုက်ဖျက်ရန် မော်ဒယ်များ တီထွင်ထုတ်လုပ်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များကို ရှာဖွေနိုင်ခြင်း၊ နျူကလီးယားလက်နက် ပေါက်ကွဲမှုများကို ပုံဖော်နိုင်ခြင်းတွေအပြင် ရာသီဥတု ခန့်မှန်းချက်တွေကိုပါ လုပ်ဆောင်နိုင်တာတွေလည်း ထည့်သွင်းထားပါတယ်။ ဒါတွေကို ပိုမိုလုပ်ဆောင် နိုင်ဖို့အတွက် Meta ဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ရန်ပုံငွေ ဒေါ်လာသန်း ၅၀ နဲ့ စတင်ခဲ့တာပါ။ Microsoft၊ IBM နှင့် Google ကဲ့သို့ အမေရိကန်နည်းပညာကုမ္ပဏီများကလည်း စူပါကွန်ပြူတာနည်းပညာကို တီထွင်နိုင်ဖို့ ပြိုင်ဆိုင်နေကြပြီဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မေလပိုင်းလောက်က Microsoft မှ လူသိရှင်ကြားထုတ်ဖော်ထားတဲ့ ထိပ်တန်းကွန်ပျူတာ(၅)ခုထဲမှာလည်း AI စူပါကွန်ပျူတာ တည်ဆောက်ခဲ့တဲ့အကြောင်းပါ ကြေညာခဲ့ပါတယ်။

Photo Credit - The National
Photo Credit - The National

သတင်း အရင်းအမြစ်Source - The National

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T