ကော်ဖီဖိုး ၄ ဒေါ်လာကို ကာမိစေရန် ရည်းစားနဲ့ မချိန်တွေ့တော့တဲ့ အမျိုးသမီး

//s9.kh1.co/26/2694c5b2613f113fda9e3256bc278ba9124b7d98.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

Katlyn Phipps ဟာ Hinge တွင် သူမနှင့် လိုက်ဖက်တဲ့ ယောက်ျားလေးတစ်ဦးနှင့် မကြာသေးမီက တွေ့ဆုံခဲ့ပြီး နှစ်ဦးစလုံး အဆင်ပြေပြေ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ ယောက်ျားလေးထံမှ မက်ဆေ့ချ်တစ်စောင်ဝင်လာတဲ့အချိန်ကစပြီး အရာရာဟာ ပြောင်းလဲခဲ့ပါတယ်။ စာကတော့ သူမနဲ့ ချိန်းတွေ့ချိန်တုန်းက သူဝယ်တိုက်ခဲ့တဲ့ ကော်ဖီအတွက် ၄ ဒေါ်လာ (ပေါင် ၂.၉၇) ပေးပို့ရန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ TikTok အကောင့်တွင် မျှဝေထားတဲ့ ဗီဒီယိုတစ်ခုတွင် Katlyn ဟာ သူ့ရည်းစားနှင့် သူနဲ့ အပြန်အလှန်ပို့ခဲ့ကြတဲ့ စာတွေရဲ့ Screenshot ကိုပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/2f/2f6862bf3255d9f474380f58c67d884c4d5f9dc0.jpeg
https://s9.kh1.co/__image/w=650,h=1150,q=100/67/67e8c50d5d6f03812132b74cde0099acd1e7f724.png

သူ့မက်ဆေ့ချ်ကို ပြန်တဲ့အနေနဲ့ သူမက " ဆိုတော့ ငါနိုးလာပြီ။ ဘာလို့ 4$ တောင်းတာလဲ။" သူက " အရင်အပတ်က ကော်ဖီအတူတူသောက်ပြီးကတည်းက ငါနဲ့အတူမနက်စာစားဖို့ ဒုတိယအကြိမ် ဖျက်သိမ်းခံရတော့ ကြည့်ရတာ ငါတို့ဘယ်တော့မှ အတူတူ မတွေ့ကြရတော့ဘူးထင်ပါတယ်။ မင်းဘယ်လိုအကွက်တွေရွှေ့နေတယ်ဆိုတာ ငါနားမလည်တော့ဘူး " ဆိုပြီး စာပြန်ခဲ့ပါတယ်။ နောက်ဆက်တွဲဗီဒီယိုတစ်ခုတွင် Katlyn ဟာ သူမရဲ့ ကော်ဖီအတွက် သူဟာ ပိုက်ဆံပေးခဲ့ပြီး အဲ့ဒီချိန်းတွေ့မှုမှာတော့ အဆင်ပြေပြေရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့နောက် သူမအနေနဲ့ သူ့ကောင်လေးဆီပို့တဲ့ မက်ဆေ့ချ်တစ်ခုရဲ့ အခြား screenshot တစ်ခုကို မျှဝေခဲ့ကာ စာထဲမှာတော့ သူမအနေနဲ့ထပ်တွေ့ချင်ပေမယ့်လည်း စာလုပ်ရမှာမို့ ချိန်းမတွေ့နိုင်ကြောင်း ကောင်လေးကိုလည်း နားလည်မှု ရိှဖို့အကြောင်း စသဖြင့် ပြောခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=997,q=100/d5/d57e89b4920fcedc1736e236aebdfaa2ed89ef9e.png

နောက်ပိုင်းမှာတော့ သူမဟာ သူနဲ့ထပ်ချိန်တွေ့ဖို့ သဘောတူပေမယ့် သူမအနေနဲ့ ဘယ်တော့မှ ချိန်‌ေတွ့ဖို့ မမေးဘူးလို့ ပြောပါတယ်။ သူမရဲ့ ဇာတ်လမ်းကို မျှဝေပြီးကတည်းက သူမရဲ့ ဗီဒီယိုတွေကို ကြည့်ရှုသူ အကြိမ်ရေ 300,000 ကျော်ရှိခဲ့ပြီး လူတွေက Katlyn ကို မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ အသုံးပြုသူ တစ်ယောက်ကတော့ "ကျွန်တော်သာဆို သူ့ကို 8$ ပေးလိုက်ပြီး 'ကုိယ်ကျင့်စရုိက်‌ေလး ၀ယ်ပါ' လို့ပြောခဲ့တယ်"။ သို့သော် အခြားတစ်ဖက်တွင် အချို့သောအသုံးပြုသူများဟာ ကဲ့ရဲ့စွာ ရေးသားခဲ့ကြပါတယ်။ "ငါဆိုလိုတာက မင်းတစ်ယောက်ယောက်ကို ခံစားချက်မရှိရင် သူတို့ကိုပြောပြသင့်တယ်" တစ်ယောက်က ညွှန်ပြပြီး နောက်တစ်ယောက်ကလည်း "ဘာဖြစ်လို့လဲ၊ မင်းကိုယ်ပိုင်ကော်ဖီအတွက် ပိုက်ဆံမပေးနိုင်ဘူးလား" ဆိုပြီးပြောခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/9e/9e490094a68a5025056707e288db784de3bad9c4.jpeg

သတင်း အရင်းအမြစ်Lad Bible

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T