ရန်ပုံငွေရှာဖို့ ကြိုးစားနေတဲ့ ခရစ်စတီးနားခီနဲ့ ဇဏ်ခီရဲ့ ကြည်နူးစရာ ပုံရိပ်

//s9.kh1.co/db/db38b86bb57922158ded75d42b0b68a04a5b8856.png
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

မြန်မာ့ရုပ်ရှင်လောကကို ကမ္ဘာမှာ ထိုးဖောက်နိုင်အောင် လုပ်ပြနိုင်ခဲ့တဲ့ အနုပညာရှင်တွေထဲ ခရစ်စတီးနားနဲ့ ဇဏ်ခီတို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ကစလို့ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံတွေ့ပြီး ၂၀၂၁ မှာ စားဝတ်နေရေးပိုကြပ်တည်းလာရတဲ့ ပြည်သူပရိသတ်တွေအတွက် သူတို့ ဇနီးမောင်နှံက တတ်နိုင်သလောက် ကူညီဖို့ ကြိုးစားနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/87/87a60792846905e9b98df18ec3ba926cf1bfb740.jpg

အရင်ကလည်း သိန်း ၅၀ တိတိ မတည်ပြီး အလှူခံပေးခဲ့ဖူးတဲ့ ခီတို့မောင်နှံဟာ ဒီတစ်ခါတော့ ဇဏ်ခီ ခရစ်စတီးနားခီ လူမှုကူညီရေး facebook စာမျက်နှာ ဖွင့်လှစ်ပြီး ရန်ပုံငွေ ရှာနေပါပြီ။ ပရိသတ်တွေဆီက ဒီအတိုင်း အလှူခံရမှာ အားနာလို့ သူတို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလက်ဆောင် ပစ္စည်းလေးတွေကို မဲဖောက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=926,q=100/2d/2dc800a6617825b08ff3ab011cbb4bbce4fe13e1.jpg

မဲလက်မှတ်ဝယ်ယူအားပေးတဲ့ ပရိသတ်တွေ အရမ်းများတော့ နာမည်တွေစစ်ရ၊ စာရင်းတွေ လုပ်ရနဲ့ နှစ်ယောက်လုံး အလုပ်တွေ ရှုပ်နေပါတယ်တဲ့။ ဒီလို အလုပ်ရှုပ်နေတာတောင် ဇနီးသည် ခရစ်စတီးနားကို နှိပ်နယ်ပေးနေတဲ့ ဓာတ်ပုံလေးတွေကို ဇဏ်ခီက မျှဝေခဲ့ပါတယ်။ "မောင် တစ်ထောင်း မယ်တစ်ရွက်" ဆိုပြီး ရေးသားခဲ့ပြီး ပရိသတ်တွေကလည်း ချစ်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/25/2565a847f9691bb2a9caadff8ca0e7448a34c4f6.jpg

ရန်ပုံငွေတွေ အများကြီးရှာပြီး လိုအပ်နေတဲ့သူတွေဆီ အမြန်ဆုံး ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit - Zen Kyi Facebook

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T