ဇနီးသည်ကို ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကြောင့် အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အမျိုးသား

//s9.kh1.co/52/52ce5cdd38e4062fd88040e1d42fd2caa2b3dbef.jpg
နေ့စဉ်သတင်းများ

 ၂၅-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ ၎င်းရဲ့ ဇနီးဖြစ်သူအား ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် အလုပ်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ ဖြစ်သွားခဲ့တာပါ။ အဆိုပါ အမျိုးသားဟာ Shaanxi ပြည်နယ်ရှိ Xi'an ကုမ္ပဏီက လက်ထောက်မန်နေဂျာရာထူးဖြင့် အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တွေမှာတော့ ဇနီးဖြစ်သူက ကလေးကို ကာကွယ်ရန် ကြိုးစားစဉ်မှာ ခင်ပွန်းသည် Wang Pengfei ဆိုသူက ခေါင်းကို ရိုက်နှက်ခဲ့တာဖြစ်တယ်လို့  Global Times သတင်းတစ်ပုဒ်မှာလည်း ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာ ရိုက်နှက်ခံရတဲ့ ဇနီးဖြစ်သူက သူတို့ ဇနီးမောင်နှံနှစ်ယောက် လက်ထပ်ပြီးကတည်းက သူမအား ကိုယ်ထိလက်ရောက် စော်ကားတာတွေဟာ အကြိမ်ကြိမ်ရှိခဲ့ကြောင်း သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - Yahoo.com
Photo Credit - Yahoo.com

ဗီဒီဖိုင်ပျံံ့နှံ့လာမှုကြောင့် ရဲတပ်ဖွဲ့တွေရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ ၎င်းတို့လင်မယားဟာ မိသားစုကိစ္စနဲ့ ပတ်သက်ပြီး အငြင်းအခုံဖြစ်ရင်း ခိုက်ရန်ဖြစ်ခဲ့ကြတာလို့ ထွက်ဆိုခဲ့ပါတယ်။ ယင်းနောက်မှာတော့ ဇနီးဖြစ်သူအား ရိုက်နှက်ခဲ့တဲ့ အမျိုးသားကို ရဲစခန်းမှာ ငါးရက်ကြာ ထိန်းသိမ်းထားခဲ့ရပါတယ်။ Wang ရဲ့ အလုပ်ရှင်ကလည်း Xinsilu Trade Company ကနေ Wang ကို တရားဝင် website ပေါ်မှာ ရာထူးမှဖယ်ရှားကြောင်းကြေငြာခဲ့ပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုသူများကလည်း ဇနီးသည်ကို ပြုလုပ်ခဲ့တဲ့ Wang ရဲ့ အပြုအမူကို အမျိုးမျိုး ပြစ်တင်ဝေဖန် ခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo Credit - Google 
Photo Credit - Google 

သတင်း အရင်းအမြစ်Source - Yahoo.com

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T