မီးရောင်စုံတွေအောက်မှာ ပရိသတ်တွေနဲ့ ဆုံတွေ့ခဲ့တာလေးတွေကို လွမ်းဆွတ်သတိရရင်း ရင်နင့်စရာလေးကို ဖွင့်ဟလာခဲ့တဲ့ လူရွှင်တော်ပိုးလေး

//s9.kh1.co/ab/ab01cda08ed50054b343c6d33e52cd9cceab73a4.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ဟာသလူရွှင်တော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပိုးလေးကို ပရိသတ်တွေလည်းအားလုံးသိကြမယ်လို့ ထင်ပါတယ်။ ပိုးလေးဟာ ဟားငါးကောင် အဖွဲ့မှာ ပရိသတ်တွေ ပျော်ရွှင်အောင် ဟာဒယရွှင်ဆေးတိုက်ကျွေးနေတဲ့ ပြည်သူ့အချစ်တော်လူရွှင်တော်တစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ချစ်ရတဲ့ ပြည်သူ့ပရိသတ်တွေနဲ့ရပ်တည်ပြီး တောတောင်ထဲမှာ တော်လှန်ရေးအတွက် ပါဝင်လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Poe Lay
Photo Credit - Poe Lay
Photo Credit - Poe Lay
Photo Credit - Poe Lay

ချစ်တဲ့သူတွေနဲ့ တန်ဖိုးရှိတဲ့ အရာတွေကို စွန့်လွတ်ပြီး တိုင်းပြည်အတွက်တစ်ထောင့်တစ်နေရာကနေ လုပ်ဆောင်ပေးနေတာကြောင့် ပရိသတ်တွေကလည်း လေးစားချစ်နေရတာ ဖြစ်ပါတယ်။ တောထဲမှာ အခက်အခဲတွေရှိပေမယ့်လည်း  အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် အားလပ်ချိန်လေးမှာ ဝါသနာပါရာလေးတွေ လုပ်ရင်း အဖွဲ့သားတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Photo Credit - Poe Lay
Photo Credit - Poe Lay
Photo Credit - Poe Lay
Photo Credit - Poe Lay

ယခုမှာတော့ ပိုးလေးဟာ အရင်းတုန်းက ပရိသတ်တွေနဲ့ တွေ့ဆုံပြီး ဖျော်ဖြေပေးခဲ့တဲ့ အချိန်လေးတွေကို သတိရတဲ့အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။" ဒီလိုဇာတ်ခုံ ဒီလိုမီးရောင်စုံတွေရယ် ဒီလိုပရိတ်သတ်တွေနဲ့ အမြန်ဆုံး ပြန်တွေ့ချင်နေတာပေါ့ဗျာ..." ဆိုပြီး သတိတရနဲ ရင်နင့်စရာ ရေးသားထားတာ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် အရာရာ စွန့်လွတ် အနစ်နာခံပြီး စိတ်အားထက်သန်စွာ လုပ်ဆောင်ပေးနေတာ ကတော့ တကယ့်ကို လေးစားစရာပါ။ ချစ်တဲ့သူတွေနဲ့ ပြန်လည်ဆုံတွေ့ပြီး အရင်လိုအနုပညာအလုပ်တွေ အမြန်လုပ်ကိုင်နိုင်အောင် ပရိသတ်တွေကလည်း ဆုတောင်းပေးကြပါဦးနော်။

Photo Credit - Poe Lay
Photo Credit - Poe Lay
Photo Credit - Poe Lay
Photo Credit - Poe Lay

သတင်း အရင်းအမြစ်Source -Poe Lay

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T