ရုံးချိန်း အတွင်းမှာ ပရိတ်သတ်တွေထံ အမှာစကားပါးလိုက်တဲ့ ပြည်သူ့မင်းသား ရဲတိုက်

//s9.kh1.co/da/dae359f6b3b6903624b8653d59f17ec10ead4798.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၂ ၈am · လွန်ခဲ့သော ၂ နှစ် က

ပြည်သူတွေချစ်ခင်မြတ်နိုးကြရတဲ့...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

စူးရှလှပပြီး ညှို့ငင်နိုင်တဲ့ မျက်ဝန်းတစ်စုံ ၊ ပီပြင်ပိုင်နိုင်တဲ့ သဘာဝဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ နာမည်ကျော်ကြား လူချစ်ခင်လူခင်များတဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုလာရင်တော့ ပရိတ်သတ်တွေသိပ်ကို သဘောကျကြတဲ့ မင်းသားရဲတိုက်ကို ဖော်ပြရမှာပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

မင်းသား ရဲတိုက် ဟာ (၂၀၂၁)ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့မှစကာ ပြည်သူနဲ့တသားတည်း နိုင်ငံရေးတော်လှန်မှုများ လှုပ်ရှားခဲ့တဲ့အတွက် လက်ရှိမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ယမန်နေ့ ဇန်နဝါရီ(၂၄)ရက်နေ့က သူ့ရဲ့အမှုအတွက် ရုံးချိန်းစစ်ဆေးခံခဲ့ရပြီး သူဟာ ပရိတ်သတ်အားလုံးကို သတိရကြောင်း၊ သူ့ကိုပို့သပေးတဲ့ ဆုတောင်းနဲ့မေတ္တာတရားများအတွက် ကျေးဇူးတင်လိုကြောင်း အမှာစကားပါးလာခဲ့ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ပရိတ်သတ်ကို ဦးစားပေးတဲ့ ပြည်သူ့အနုပညာရှင်လည်းအမြန်ဆုံးပြန်လည်လွတ်မြောက်လာပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T