မိတ်ဆွေသူငယ်ချင်းတွေထဲမှာ လူနှစ်မျိုး နှစ်စားရှိတယ်ဆိုတဲ့အကြောင်း ပြောပြလာတဲ့ R ဇာနည်

//s9.kh1.co/dc/dc0709d0ef801afd41354155ff9e3d29c1893795.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

ပူဆွေးသောကရောက်နေသူတွေရှိသလို၊ အပျော်အပါးမပျက် ဓာတ်ပုံတင်မပျက်တဲ့ ......

အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေ ရင်ထဲရောက်အောင် သီဆိုနိုင်တဲ့ အဆိုတော်Rဇာနည် ကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ဝမ်းနဲ့အတူ တည်ထောင်ထားတာဖြစ်ပြီ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက် အပြင် သမီးလေးတစ်ယောက် ပါထပ်မံရရှိနေပြီဖြစ်ပါတယ်။

Photo Credit : Zarni Myonyunt's Facebook Acc
Photo Credit : Zarni Myonyunt's Facebook Acc
Photo Credit : Zarni Myonyunt's Facebook Acc
Photo Credit : Zarni Myonyunt's Facebook Acc

အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ ဖေဖော်ဝါရီလ အစပိုင်းကတည်းက လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ အင်တိုက် အားတိုက် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အားတတ်သရော ကြိုးစားပါဝင်အားဖြည့်ခဲ့တာတွေကြောင့် ၅၀၅ က နဲ့ အမှုဖွင့်အရေးယူခြင်းခံထားရပြီး လက်ရှိမှာတော့လုံခြုံရေးအတွက် ရှောင်တိမ်းနေရတာပဲ ဖြစ်ပါတယ်။

Photo Credit : Zarni Myonyunt's Facebook Acc
Photo Credit : Zarni Myonyunt's Facebook Acc
Photo Credit : Zarni Myonyunt's Facebook Acc
Photo Credit : Zarni Myonyunt's Facebook Acc

R ဇာနည်ကတော့ သူ့ရဲ့ မိတ်ဆွေအပေါင်းအသင်းအရင်းကြီးထဲမှာတောင် တော်လှန်ရေးနဲ့ပတ်သက်ပြီး ပူဆွေးသောကရောက်နေသူတွေရှိသလို အပျော်အပါးမပျက် ဓာတ်ပုံတင်မပျက်တဲ့ လူနှစ်မျိုးနှစ်စားကိုတွေ့ရကြောင်းကို "အော်! ငါ့သယ်ရင်းမိတ်ဆွေတွေ…….တချို့ ပူဆွေးနေရသလို

Photo Credit : Zarni Myonyunt's Facebook Acc
Photo Credit : Zarni Myonyunt's Facebook Acc

တချို့ ကိုယ်နဲ့မဆိုင်သလို ပျော်သလို မပျော်သလို ပျော်လို့မဟုတ်ဘူး မတတ်သာသလို ပုံတွေတွေ့ရတာလဲ မှတ်သားစရာပါပဲ ငါလဲ အရင်က ဒီလိုပဲ ပျော်နေခဲ့ဖူးတာ မှတ်မိသလိုပဲ ??" ဆိုပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်။

Photo Credit : Zarni Myonyunt's Facebook Acc
Photo Credit : Zarni Myonyunt's Facebook Acc

Source: Zarni Myonyunt's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T