"စိုးရိမ်ကြတဲ့ ညီအစ်ကိုမောင်နှမတွေကိုကျေးဇူးတင်ပါတယ် " ဆိုတဲ့ ဦးကျော်သက်လင်း

//s9.kh1.co/e3/e39d08a20fe4c2f6d816e39b918f83558a4c6008.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ဘေးအန္တရာယ် ကင်းကင်းလေး ရှိနေတာနဲ့တင် ဝမ်းသာလှပါပြီ ...

ဦးကျော်သက်လင်းက ခန့်ညားလှတဲ့ ရုပ်ရည်၊ ကြည်လင်ပြတ်သားတဲ့ အသံ၊ တိကျမှန်ကန်တဲ့ သတင်းတင်ဆက်ပုံတွေကြောင့် ပြည်သူလူထုကြားမှာ ဟိုးအရင်ထဲကနေ ခုချိန်ထိ သဘော ကျနေကြတဲ့ သတင်းတင်ဆက်သူတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit : U Kyaw Thet Linn's Facebook Acc

ဦးကျော်သက်လင်းက လက်ရှိမှာတော့ လွတ်မြောက်နယ်မြေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တပ်သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင် နေတာပဲဖြစ်ပါတယ်။ ချစ်ခင်တွယ်တာရတဲ့ နှောင်ကြိုးတွေကို စွန့်လွှတ်ပြီး လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲနေထိုင်နေရတဲ့ ဦးကျော်သက်လင်း ဟာ အရင်ရက်ပိုင်းက ရှေ့တန်းထွက်ခဲ့ရတာမို့ သူ့ကိုချစ်ခင်ကြတဲ့ သူတွေက စိတ်ပူနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit : U Kyaw Thet Linn's Facebook Acc
Photo Credit : U Kyaw Thet Linn's Facebook Acc
Photo Credit : U Kyaw Thet Linn's Facebook Acc
Photo Credit : U Kyaw Thet Linn's Facebook Acc

ဦးကျော်သက်လင်းက သူ့ကိုဝိုင်းပြီး စိုးရိမ်ကြ၊ အားပေးကြ၊ ကူညီကြတဲ့ ညီအစ်ကို မောင်နှမတွကို ကျေးဇူးတင်စကားလေး ဆိုထားတာပဲ ဖြစ်ပါတယ်။

"Morningပါဗျာ

စိုးရိမ်ကြတဲ့

အားပေးကြတဲ့

ကူညီကြတဲ့ ညီအစ်ကိုမောင်နှမတွေကိုကျေးဇူးတင်ပါတယ်။

တစ်ဦးချင်းစီ

မတုံ့ပြန်နိုင်လောက်အောင် မအားတော့တာ နားလည်ကြမယ်ထင်ပါတယ်။

Photo Credit : U Kyaw Thet Linn's Facebook Acc
Photo Credit : U Kyaw Thet Linn's Facebook Acc
Photo Credit : U Kyaw Thet Linn's Facebook Acc
Photo Credit : U Kyaw Thet Linn's Facebook Acc

အခု မိုးနှင်းတွေတဖွဲဖွဲကျနေတုန်း..." ဆိုပြီး သူရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း comment တွေကတစ်ဆင့် ဘေးကင်းပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ နေနိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးနေကြလည်း ဖြစ်ပါတယ်။

Photo Credit : U Kyaw Thet Linn's Facebook Acc
Photo Credit : U Kyaw Thet Linn's Facebook Acc
Photo Credit : U Kyaw Thet Linn's Facebook Acc
Photo Credit : U Kyaw Thet Linn's Facebook Acc

Source : U Kyaw Thet Linn's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T