ပြည်နယ်တစ်ခုထက် အရွယ်ပိုကြီးတဲ့ ရေခဲတုံးကြီးဟာ ရေချိန်တန်ပေါင်း တစ်ထရီလီယံလောက်ကို ထုတ်လုပ်ပေးခဲ့

//s9.kh1.co/de/de10c48728a48b7955d57c2117fd5e17116b4694.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

တောင်ဝင်ရိုးစွန်းကနေ ပဲ့ထွက်လာတဲ့ ရေခဲတုံးကြီးဖြစ်ပါတယ်

A68A ရေခဲတုံးကြီးဟာ အန္တာတိကကျွန်းဆွယ်မှာရှိတဲ့ Larsen-C ရေခဲကျွန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုပါ ဒါပေမဲ့အဲံဒီရေခဲတုံးကြီးဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာပဲ့သွားခဲ့ပြီး Larsen-C ကနေပဲ့ခဲ့တဲ့ ရေခဲတုံးတွေထဲမှာ ခြောက်ခုမြောက်အကြီးဆုံးဖြစ်လာပါတယ် အဲ့ရေခဲတုံးကြီးဟာ ၂၂၀၈ စတုရန်းမိုင်ရှိပြီး အမေရိကန်ပြည်နယ်က Delaware ပြည်နယ်ထပ်ကိုပိုကြီးပါတယ် 

A68A ပဲ့ထွက်စဥ်က (Credit:Gizmodo)
A68A ပဲ့ထွက်စဥ်က (Credit:Gizmodo)

ပဲ့ထွက်လာကတည်းက မျောနေတဲ့ရေခဲတုံးကြီးဟာ တောင်သမုဒ္ဒရာဖက်ကို မျောသွားခဲ့ပြီး ဒီဇင်ဘာ ၂၀၂၀ ခုနှစ်မှာ အာဂျင်တီးနားဆိပ်ကမ်းကနေ မိုင်ပေါင်း ၁၃၀၀ လောက်ဝေးတဲ့ တောင်ဂျော်ဂျီယာကျွန်းနားကို ‌ရောက်လာခဲ့ပါတယ် အဲ့ကျွန်းပေါ်မှာ တိရစ္ဆာန်ပေါင်းများစွာ နေထိုင်လျက်ရှိပြီး ပင်ဂွင်းတို့ ပင်လယ်ဖျံတို့ပါ နေထိုင်ပါတယ် ရေခဲတုံးကြီးဟာ ကျွန်းကိုဝင်မတိုက်မိခင်မှာပဲ ပျက်စီးသွားတယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ် တကယ်လို့တိုက်မိခဲ့ရင် ကျွန်းရဲ့ဂေဟစနစ်ကိုထိခိုက်မှာဖြစ်ပြီး တိရစ္ဆာန်တွေပါ သေကြေကုန်မှာပါ

တောင်ဂျော်ဂျီယာကျွန်း (Credit:Wkipedia)
တောင်ဂျော်ဂျီယာကျွန်း (Credit:Wkipedia)

နိုင်ငံတကာသိပ္ပံပညာရှင်တွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ လွန်ခဲ့တဲ့သုံးနှစ် ရေခဲတုံးကြီးစကွဲကတည်းက ဂြိုလ်တုသုံးခုကိုသုံးပြီး ဧရိယာပမာဏကိုစောင့်ကြည့်ခဲ့ကာ နှစ်ခုကိုတော့ ရေခဲတုံးရဲ့အထူအပါးကိုစောင့်ကြည့်ဖို့ သုံးခဲ့ပါတယ် စုစုပေါင်းဂြိုလ်တု ၅ ခုသုံးခဲ့တာပါ သုံးလအချိန်အတွင်းမှာပဲ ကျွန်းနားတဝိုက်မှာ ရေခဲတုံးကြီးကနေ ရေတန်ပေါင်း ၁၆၇ ဘီလီယံ အရည်ပျော်ခဲ့ကြောင်းသိရပါတယ် ဒီပမာဏဟာ အိုလံပစ်ပြိုင်ပွဲတွေမှာသုံးတဲ့ ရေကူးကန်ပေါင်း ၆၁ သန်းကို အပြည့်ဖြည့်နိုင်တဲ့ပမာဏဖြစ်ပါတယ် 

ရေခဲတုန်းမျောရာပြမြေပုံ (Credit:ScienceDirect)
ရေခဲတုန်းမျောရာပြမြေပုံ (Credit:ScienceDirect)

ရေတွေအရည်ပျော်ရတာဟာ အေးတဲ့နေရာကနေ Drake လမ်းကြောင်းကနေတဆင့် Scotia ပင်လယ်ကိုမျောလာတာကြောင့်ဖြစ်ပါတယ် Scotia ပင်လယ်ကရေတွေက ပိုနွေးတာကြောင့်ပါ ရေခဲတုံးကြီးက ဂျော်ဂျီယာကျွန်းနားနီးလာတဲ့အခါ ထုထည်က ၇၇၁ ပေကနေ ၂၁၉ ပေအထိကျဆင်းသွားပါတယ် ထုထည်ကျသွားတာက ၂၀၂၀ ဇန်နီဝါရီလမှာ အဖြစ်အများဆုံးပါ 

ဧပြီလကိုရောက်တော့ လုံးဝအရည်ပျော်သွားပါတယ် စုစုပေါင်း ရေတန်ချိန်ပေါင်း ၉၉၂ ဘီလီယံကို ၂၄၈၅ ဝေးတဲ့ခရီးအတွင်း ထုတ်လုပ်ပေးခဲ့ပါတယ် လစဥ်အနေနဲ့ဆို တစ်လကို ထုထည် ၂၂ ပေလောက် ပုံမှန်လျော့ကျခဲ့ပါတယ် 

A68A (Credit:Wikimedia Commons)
A68A (Credit:Wikimedia Commons)

ကံကောင်းစွာနဲ့ ကျွန်းကိုမပိတ်မိခင်မှာပဲ ရေခဲတုံးကြီးက အရည်ပျော်သွားတာကြောင့် ကျွန်းပေါ်ကသက်ရှိတွေကို ကြီးကြီးမားမား  ထိရောက်မူတော့ မရှိတော့ပါဘူး ဒါပေမဲ့တခြားသက်ရောက်မူတွေတော့ရှိဆဲပါ အေးစက်စက်ရေသန့်တွေက သမုဒ္ဒရာထဲကိုစီးဝင်သွားတာကြောင့် ဆားရေတွေနဲ့ရောမိပြီးဓာတ်ပြုကာ  အာဟာရဓာတ်အသစ်တွေ ပေါ်ပေါက်လာပါတယ် 

ဒါကြောင့်အဲ့နားတဝိုက်မှာ မျိုးစိတ်အသစ်တွေ ဒါမှမဟုတ် ပြောင်းလဲမူတွေဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ် ဒါကြောင့် အစာကွင်းဆက်ကို သက်ရောက်မူတွေရှိလာမှာပါ ဒါပေမဲ့ရေရှည်မှာဘာဆက်ဖြစ်မလဲဆိုတာတော့ မသိရသေးပါဘူး

မတ်လ ၁ ရက်နေ့မှာထုတ်မဲ့ Remote Sensing of Environment စာတမ်းမှာ ဒီရေခဲတုံးကြီးအကြောင်းကို အသေးစိတ်ဖော်ပြမယ်လို့သိရပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T