တရုတ်နိုင်ငံ၊ ယူရှုတန်ကျေးရွာမှာ နေတဲ့ လယ်သမားကြီး ဝမ်အမ်လင်းဟာ ၃ တန်းအထိပဲ ကျောင်းနေဖူးပါတယ်။ သူ့အသက် ၁၀ နှစ်မှာ ကျောင်းထွက်ပြီး မိရိုးဖလာ လယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၁ ခုနှစ်မှာ သူ့လယ်ယာက သီးနှံထွက်နှုန်း အရမ်းကျပြီး စီးပွားရေး ထိခိုက်ခဲ့ရတယ်။ ဒါနဲ့ ဘာကြောင့်များလဲဆိုပြီး အဖြေရှာတဲ့အခါ...
ရွာနားမှာ တည်ထားတဲ့ စက်ရုံကနေ စွန့်ပစ်လိုက်တဲ့ ဓာတုပစ္စည်းတွေကြောင့် ဖြစ်နေပါတယ်တဲ့။ ချီဟွာအမည်ရ ဓာတုလုပ်ငန်းလုပ်ကိုင်တဲ့ အဲဒီ ကုမ္ပဏီကြီးဟာ အနီးနားက လယ်ကွင်းတွေဆီ စွန့်ပစ်ပစ္စည်းတွေ ထုတ်နေတာပါ။ ဒီတော့ လယ်သမားကြီး ဝမ်အမ်လင်းမှာ ရွေးစရာ ၂ နည်းပဲ ရှိပါတော့တယ်။ တရားစွဲပြီး လျော်ကြေးတောင်းရင်တောင်း၊ ဒါမှမဟုတ် ကျိတ်ခံရုံပေါ့။ တရားစွဲဖို့ကျတော့ သူ့မှာ ငွေကြေးအလုံအလောက် မရှိခဲ့တဲ့အခါ...
သူဟာ ကိုယ်တိုင် ဥပဒေပညာ လေ့လာပြီး ရှေ့နေမပါဘဲ တရားစွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အတန်းပညာ ၃ တန်းသာ ရှိပေမဲ့ ဥပဒေပညာရပ်ဆိုင်ရာ စာအုပ်တွေကို ဝယ်ယူပြီး အဘိဓာန်နဲ့ တိုက်တိုက်ပြီး ဖတ်ခဲ့တာ ၁၆ နှစ် တိတိ ကြာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ သူ့ကို ကူညီနိုင်မယ့် ဥပဒေအကျိုးဆောင်တွေနဲ့ပါ တွေ့ခဲ့ပြီး တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ သူဟာ အဆုံးထိ အရှုံးမပေးဘဲ ကြိုးစားလာခဲ့တာ နောက်ဆုံးတော့ ၂၀၁၇ ခုနှစ်မှာ အမှုနိုင်သွားခဲ့ပါတယ်။ ကုမ္ပဏီဆီက လျော်ကြေး ယွမ် ၈၂၀၀၀၀ တိတိ ရခဲ့ပါတယ်။ အခုချိန်ထိ ဝမ်အမ်လင်းဟာ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေအတွက်ရော ဥပဒေပညာရှင်များအတွက်ပါ ဟီးရိုးတစ်ယောက် ဖြစ်နေဆဲပါ။
Ref : https://earthbuddies.net/wang-enlin/