ဆော်ဒီအာရေဗျတွင် ကမ္ဘာ့ပထမဆုံး ကုလားအုတ် ဟိုတယ်ဖွင့်လစ်

//s9.kh1.co/d9/d98425f26f7841a32f32203669ffdabde0d2e459.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ဆော်ဒီအာရေဗျတွင် အခန်းပေါင်း ၁၂၀ ပါပြီး ကုလားအုတ်များကို စောင့်ရှောက်တဲ့ ဟိုတယ်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ ဒါကြောင့် ဒီဟိုတယ်ဟာ ကမ္ဘာ့ပထမဆုံးသော ကုလားအုတ် ဟိုတယ်ဖြစ်လာကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ အခန်းဝန်ဆောင်မှု၊ အိမ်သန့်ရှင်းရေး၊ ကုလားအုတ်စောင့်ရှောက်မှုနှင့် လူကြိုက်များတဲ့ တိရိစ္ဆာန်များကို စောင့်ကြပ်ပေးနေတဲ့ ဟိုတယ်ဆီ လူ ၅၀ ကျော်ဟာ ကုလားအုတ်များလာရောက်ကြည့်ရှုခဲ့ကြောင်း Saudi Camel Club မှ ပြောရေးဆိုခွင့်ရှိသူ Mohammed Al Harbi က ပြောကြားခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=447,q=100/fe/fe7e2a0c0d0000c05ea9408ab6112e38b845889e.jpg
https://s9.kh1.co/__image/w=650,h=366,q=100/fa/fac45c95927771452269826c39d354b961e9eac8.jpeg

The Rest Assured Hotel ဟာ အစားအစာများ ကျွေးမွေးခြင်း၊ ကုလားအုတ်များရဲ့ အသွင်အပြင်ကို ဂရုစိုက်ခြင်း အပါအဝင် ကြယ်ငါးပွင့် ဝန်ဆောင်မှုများကို ပေးဆောင်ထားကြောင်း သူဟာ မိတ်ဆက်ပွဲ ဗီဒီယိုတွင် ပြောကြားခဲ့ပါတယ်။ “ဒီဟိုတယ်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဖြစ်ပေမယ့် ကွဲပြားပြီး ပုံစံသစ်နဲ့ ဖြစ်ပါတယ်” လို့ Al Harbi မှ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=371,q=100/fa/fadd98c43eaa4f01e2e0dfd05593ab0ff258c933.jpeg
https://s9.kh1.co/__image/w=650,h=329,q=100/13/132e35cb09f8b8e64213a9363e4525579cf88b36.jpg

ဆက်လက်ပြီး “သန့်စင်ခန်းကနေ အနွေးဓာတ်ပေးတဲ့ လေအေးပေးစက်အထိ အရာအားလုံးကို ရနိုင်တယ်” ဆိုပြီး ပြောပြခဲ့ပါ‌ေသးတယ်။ ပေးချေမှုမှာ တစ်ညလျှင် SR400 ခန့် ကျသင့်မှာ ဖြစ်ပြီး လာရောက်ကြည့်ရှူ့နိုင်ချိန်ဟာ ၁၂:၃၀ ဖြစ်ပါတယ်။ ကုလားအုတ်များဟာ ဆော်ဒီအာရေဗျနိုင်ငံရှိ အမွေအနှစ်များနှင့် ဆက်စပ်နေတာမို့ ရေပန်းစားဆဲ့ တိရစ္ဆာန်တစ်မျိုးဖြစ်ပါတယ်။ ဒီတိရိစ္ဆာန်ကို ကန္တာရနေထိုင်သူများဟာ “သဲကန္တာရသင်္ဘော” အဖြစ် နဲ့ အသက်သွေးကြောအဖြစ် နှစ်ပေါင်းများစွာ ခေါ်ဆိုခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=460,q=100/55/55eb261d99cf2b3d719a47fd5c4cbe86a5bf9d5b.jpg

သတင်း အရင်းအမြစ်Gulf News

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T