ဒုတိယကမ္ဘာစစ်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ လေယာဉ်ကို ဟိမဝန္တာတောင်မှာ ပြန်လည်တွေ့ရှိ

//s9.kh1.co/72/722197c5f14a20ce54fe4020d4b3264d9d5689bc.jpg
နေ့စဉ်သတင်းများ

 ၂၃-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

အိန္ဒိယနိုင်ငံမှာ ပျက်ကျခဲ့တဲ့ ဒုတိယကမ္ဘာစစ်လေယာဉ်တစ်စင်းကို ၇၇ နှစ်အကြာ ဟိမဝန္တာတောင်တန်းများမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ လေယာဉ်ဟာ C-46 သယ်ယူပို့ဆောင်ရေး လေယာဉ်အမျိုးအစားဖြစ်ပြီး 1945 ခုနှစ် ပထမပတ်မှာ တရုတ်နိုင်ငံ တောင်ပိုင်း ကူမင်းမှ လူ ၁၃ ဦးကို တင်ဆောင်လာခဲ့ပြီး ဆိုးရွားတဲ့ ရာသီဥတုကြောင့် အိန္ဒိယနိုင်ငံArunachal Pradesh ပြည်နယ်ရှိ တောင်တန်းအများရောက်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Yahoo Singapore
Photo Credit - Yahoo Singapore
Photo Credit - Yahoo Singapore
Photo Credit - Yahoo Singapore

ပျောက်ဆုံးသွားတဲ့ အဆိုပါ လေယာဉ်ပေါ်မှာ လိုက်ပါလာသူတစ်ဦးရဲ့ သားဖြစ်သူ၏ တောင်းဆိုမှုအရ အမေရိကန်နိုင်ငံသားတစ်ဦး နှင့် ဒေသခံလီဆူလူမျိုးစုက လမ်းပြအဖွဲ့တစ်ဖွဲ့နဲ့အတူ အလွန်နက်ရှိုင်းတဲ့ မြစ်များနှင့် အပူချိန်ကျဆင်းပြီး အေးခဲနေတဲ့ နေရာတွေမှာ လေယာဉ်ရှာဖွေ့ရန်အတွက် လေ့လာရေးခရီးတစ်ခု ထွက်ခဲ့သည်မှာ လနှင့်ချီကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ခရီးထွက်လာချိန်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလ က တိုက်ခတ်ခဲ့တဲ့ နှင်းမုန်တိုင်းကြောင့် စခန်းချနေထိုင်စဉ် လမ်းပြပေးသူ ဒေသခံ လီဆူလူမျိုး သုံးဦးလည်း သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့အဖွဲ့ဟာ နှင်းတွေဖုံးနေတဲ့ တောင်ထိပ်ပေါ် ပြီးခဲ့တဲ့လက ပျက်စီးနေတဲ့ လေယာဉ်အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ပါတယ်။

Photo Credit - Yahoo Singapore
Photo Credit - Yahoo Singapore
Photo Credit - Yahoo Singapore
Photo Credit - Yahoo Singapore

ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တွေဟာ အိန္ဒိယ၊ တရုတ်နှင့် မြန်မာနိုင်ငံတို့ကို လေကြောင်း စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက အမေရိကန်လေယာဉ် ရာနှင့်ချီ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီလေယာဥ်တွေဟာ ဂျပန်တပ်များက ပစ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသလို အများစုမှာ ဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုနှင့် အခြားပြင်းထန်သော ရာသီဥတုအခြေအနေများကြောင့် ပျောက်ဆုံးခဲ့ခြင်း ​ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Photo Credit - Yahoo Singapore
Photo Credit - Yahoo Singapore

သတင်း အရင်းအမြစ်Source - Yahoo Singapore

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T