ခိုက်ခိုက်တုန်နေတဲ့ အဘအတွက် ကိုယ်ဝတ်ထားတဲ့ အင်္ကျီကို ချွတ်ပြီး လှူခဲ့တဲ့ ညောင်ဦးက လူငယ်လေး

//s9.kh1.co/55/5527c79499df3e79c381e1b04a912c933a74e3c9.jpg
နေ့စဉ်သတင်းများ

 ၂၃-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

အညာဒေသ ညောင်ဦးမြို့နယ်မှာ အရမ်းချမ်းအေးနေမှာပါ။ ဒီလိုရာသီဥတုထဲ အင်္ကျီပါးပါးလေးနဲ့ နွမ်းပါးရှာတဲ့ အဘအတွက် လူငယ်လေးတစ်ယောက်က သူဝတ်ထားတဲ့ အနွေးထည်ကို ချွတ်ပြီး လှုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/65/65a2e35c064ae7b69bf512e05eded23230a05834.jpg

ဒီလို ကြည်နူးစရာ အလှူကို တွေ့မြင်ခဲ့ရတဲ့ အေးမြမေတ္တာဆရာတော်က ခုလို ရေးသားခဲ့ပါတယ်။ "ကိုယ်တွေ ကားထဲမှာ ချမ်းလွန်းလို့ သင်္ဃန်းခြုံထားရတယ်။ သူကတော့ သူ့အင်္ကျီကိုချွတ်ပြီး အဘကြီးကိုလှူနေတာ" ။ ဆရာတော်က ကားပြင်ဖို့ သွားရင်း ဆိုင်ရှေ့ လှူနေကျ အဘကြီးကို လှူဖို့ လုပ်နေတုန်း တွေ့မြင်ခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=488,q=100/55/5527c79499df3e79c381e1b04a912c933a74e3c9.jpg

ဒီလုပ်ရပ်ကလေးကို မြင်တွေ့ရတဲ့ ရဟန်းရှင်လူအပေါင်းက သာဓုခေါ်ပြီး လူငယ်လေးကို ချီးကျူးနေကြပါတယ်။ ဒါဟာ လူတိုင်းမလုပ်နိုင်တဲ့အလှူဒါနမျိုး ဖြစ်ပါတယ်။

Credit - အေးမြမေတ္တာ ဆရာတော်

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T