ဂျပန် LINE MUSIC ပေါ်မှာ Follower တစ်သန်းပြည့်သွားတဲ့ BTS

//s9.kh1.co/bb/bb9afb0269b39562beb5bff640a281f78605ecb9.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

Platform ပေါ်မှာ ပထမဆုံး Follower တစ်သန်းပြည့်တဲ့ ကိုရီးယားအဖွဲ့ဖြစ်လာပါတယ်

K-pop Industry မှာသာမက တစ်ကမ္ဘာလုံးမှာ ပရိသတ်တွေအများအပြားကို ပိုင်ဆိုင်ထားတဲ့ BTS အဖွဲ့ဟာ ပထမဆုံးဆိုတဲ့ စံချိန်တွေအများကြီးကို ချိုးနိုင်ထားသူတွေဖြစ်ပြီး ခုလည်းနောက်ထပ်ပထမဆုံး ဂုဏ်ပုဒ်တစ်ခုကိုယူသွားပြန်ပါပြီ

Follower တစ်သန်းပြည့်ကြောင်း ခုလိုတွေ့ရပါတယ် (screenshot from Japan LINE MUSIC)
Follower တစ်သန်းပြည့်ကြောင်း ခုလိုတွေ့ရပါတယ် (screenshot from Japan LINE MUSIC)

BTS အဖွဲ့ဟာဂျပန်ရဲ့ LINE MUSIC ပေါ်မှာ Follower တစ်သန်းပြည့်သွားတာဖြစ်ပါတယ် ဒါကြောင့်သူတို့ဟာ ဒီ Platform ပေါ်မှာပထမဆုံး Follower တစ်သန်းပြည့်တဲ့ K-pop အဖွဲ့ဖြစ်လာခဲ့ပါတယ် ဒါဟာတခြား K-pop အဖွဲ့တွေအများကြီးကို ကျော်တက်သွားတဲ့ပမာဏပါ

LINE MUSIC
LINE MUSIC

LINE MUSIC ဟာဂျပန်နိုင်ငံရဲ့အကြီးဆုံးနဲ့ အဓိကအကျဆုံး သီချင်း Streaming Service တစ်ခုဖြစ်ပါတယ် အဲ့လို Platform ကြီးပေါ်မှာ အောင်မြင်မူရရှိခဲ့တာဖြစ်ပါတယ် 

TWICE အဖွဲ့ဟာ ဂျပန် LINE MUSIC ပေါ်မှာ ပထမဆုံး Follower ကိုးသိန်းခွဲရခဲ့တဲ့ K-pop အဖွဲ့ဖြစ်ပါတယ် BTS ကအဲ့ဒီစံချိန်ကိုချိုးဖျက်ပြီး Follower တစ်သန်းရလာတာပါ ဂျပန် LINE MUSIC ပေါ်မှာအခု BTS က Follower တစ်သန်း TWICE က Follower ကိုးသိန်းကိုးသောင်းနဲ့ BIGBANG အဖွဲ့က Follower ငါးသိန်းကိုးသောင်းအသီးသီးနဲ့ရပ်တည်နေကြပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T