ဖျက်စီးပစ်ရတော့မဲ့ အမေရိကန်ဒေါ်လာတွေကို လေဆိပ်မှာ လုယက်ခဲ့ကြသူများ

//s9.kh1.co/4b/4b191407d1bd6e4861853505e00ef948637bc2f1.jpg
နေ့စဉ်သတင်းများ

 ၂၂-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

လုယက်သူတွေထဲက တစ်ယောက်ကို ဖမ်းဆီးရရှိသွားပါပြီ

 ပနားမားမြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ ကုန်ပစ္စည်းသိုလှောင်ရုံတစ်ခုမှာ ပြီးခဲ့တဲ့အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့လုယက်မူဖြစ်ပါတယ် လက်နက်တွေနဲ့လူတချို့ဟာ ကိုယ်ထည်ပေါ်မှာ လေဆိပ်လုံခြုံရေးတံဆိပ်ပါတဲ့ ထရက်ကားတစ်စီးနဲ့ အောက်တိုဘာ ၆ ရက် မနက် ၂ နာရီလောက်ရောက်လာပြီး အစောင့်တွေကိုခြိမ်းခြောက်ကာ ပိုက်ဆံအိတ်လေးလုံးကိုယူသွားတာလို့ရဲတွေကပြောပါတယ် နည်းနည်းကြာတော့ ထရက်ကားကိုရှာတွေ့ခဲ့ကြပေမဲ့ လုယက်သူတွေကတော့ လွတ်မြောက်သွားကြပါတယ်

Tocumen လေဆိပ် (Credit:Sofratesa)
Tocumen လေဆိပ် (Credit:Sofratesa)

ပနားမားနိုင်ငံမှာ အမေရိကန်ဒေါ်လာကို ဒုတိယပိုက်ဆံအနေနဲ့ သုံးကြပါတယ် ပနားမားငွေကြေး ဘယ်ဘိုအာနဲ့လည်း စျေးနှုန်းအတူတူလောက်ပါပဲ အလုခံလိုက်ရတဲ့ပိုက်ဆံတွေဟာ သုံးမရနိုင်တော့လောက်အောင် အခြေအနေဆိုးနေတာကြောင့် အမေရိကန်ကိုပြန်ပို့ပြီး ဖျက်စီးပစ်ရမဲ့ပိုက်ဆံတွေပါ 

ပနားမားရဲ့ တော့မန်းလေဆိပ်ဟာ လက်တင်အမေရိကမှာ အလုပ်အရှုပ်ဆုံးလေဆိပ်တွေထဲကတစ်ခုဖြစ်ပြီး တောင်အမေရိကနဲ့ မြောက်အမေရိကကြားခရီးသည်တွေကို တောက်လျှောက်ပို့ဆောင်ပေးနေရတဲ့လေဆိပ်ဖြစ်ပါတယ် ဒါပေမဲ့ လုယက်မူဟာ သိုလှောင်ရုံမှာဖြစ်ခဲ့တာကြောင့် ခရီးသည်တွေအတွက် အန္တရာယ်မဖြစ်ခဲ့ဘူးလို့ လေဆိပ်ကထုတ်ပြန်ခဲ့ပါတယ် 

လုယက်မူမှာ သုံးခဲ့တဲ့ကား (Credit: PanaTimes)
လုယက်မူမှာ သုံးခဲ့တဲ့ကား (Credit: PanaTimes)

အဲ့ဒီလုယက်မူဖြစ်အပြီး အာဏာပိုင်တွေဟာ Emperador လို့ခေါ်တဲ့ စုံစမ်းစစ်ဆေးမူစစ်ဆင်ရေးကိုပြုလုပ်ခဲ့ပြီး ၂၁ ရက်နေ့သောကြာနေ့ကမှ လုယက်မူနဲ့သက်ဆိုင်တဲ့ ပထမဆုံးသံသယရှိသူကို ဖမ်းဆီးခဲ့ပါတယ် ဒါပေမဲ့လုယက်ခံရတုန်းက မျက်မြင်သက်သေအစောင့်တွေရဲ့ပြောစကားအရ တခြားသူတွေကျန်ပါသေးတယ်

အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပနားမားအာဏာပိုင်တွေက လုယက်သူတစ်ယောက်ရဲ့ CCTV မှတ်တမ်းကပုံတွေကို ဖြန့်ခဲ့ပြီး ဆုငွေဒေါ်လာတစ်သောင်းထုတ်ခဲ့ပါတယ် သောကြာနေ့ကဖမ်းခံရသူဟာ အဲ့လူလားဆိုတာကိုတော့ မသိရပါဘူး သူ့နာမည်ကိုထုတ်မပြောခဲ့ပေမဲ့ သူဟာမနှစ်ကဖြစ်ခဲ့တဲ့ မုဒိန်းမူတစ်ခုမှာလည်းပါဝင်နေပြီး ခိုးမူနဲ့ ထောင် ၁၀ နှစ်ကျဖူးသူလို့ထုတ်ပြန်ခဲ့ပါတယ်

Credit:Vice
Credit:Vice

ပနားမားမြို့ကနေ နှစ်နာရီခရီးလောက်အကွာအဝေးမှာရှိတဲ့ ပန်နိုနုန်းခရိုင်မှာ ဖမ်းဆီးခဲ့တာပါ ပနားမားရဲ့ အစိုးရရှေ့နေတစ်ဦးဖြစ်သူ Julio Villarreal ဟာဖမ်းဆီးရရှိမူကိုကြေညာခဲ့ပြီး ဖမ်းဆီးနိုင်အောင်ပြည်သူတွေက ကူညီခဲ့ပုံနဲ့ ဘယ်လိုကူညီရမလဲဆိုတာတွေပါ ပြောခဲ့ပါတယ်

ဖမ်းခံရသူဟာ တခြားအမူတွေနဲ့ ပတ်သက်နေမယ်လို့လည်း စုံစမ်းစစ်ဆေးသူတွေကယုံကြည်ကြောင်း ထပ်ပြောခဲ့ပါတယ် ဖမ်းမိတဲ့နေရာမှာ သေနတ်တစ်လက်ပါတွေ့ခဲ့ရပြီး လုယက်မူတုန်းက အသုံးပြုခဲ့တဲ့သေနတ်ဖြစ်နိုင်တယ်လို့ သိရပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T