ကိုယ်ပိုင် လေယာဉ်နဲ့ နိုင်ငံပေါင်း ၅၂ နိုင်ငံကို ဖြတ်ကျော်ခဲ့ပြီးနောက် တစ်ကိုယ်တော် ကမ္ဘာပတ် ပျံသန်းနိုင်သူဖြစ်လာတဲ့ အမျိုးသမီး

//s9.kh1.co/2c/2c7bbfea10f36bac6ee9be12051669624047a183.jpg
နေ့စဉ်သတင်းများ

 ၂၁-ဇန်-၂၀၂၂ ၁၁pm · လွန်ခဲ့သော ၂ နှစ် က

.

ဗြိတိန်နဲ့ ဘယ်ဂျီယံ နှစ်နိုင်ငံသားခံယူထားတဲ့ ဇာရာ ရူသာဖို့ဒ်ဆိုသူ အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ အပေါ့စားလေယာဉ် Shark နဲ့ ကမ္ဘာ့တိုက်ကြီး ငါးတိုက်ကို ငါးလကြာ ပျံသန်းသွားခဲ့ပြီးနောက် တစ်ကိုယ်တော် ကမ္ဘာပတ်ပျံသန်းတဲ့ ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး ကမ္ဘာ့အမြန်ဆုံး အပေါ့စားလေယာဉ်နဲ့ သြဂုတ် ၁၈ ရက်မှာ စတင်ထွက်ခွာသွားတာ ဖြစ်ပါတယ်။

Photo Credit - Asia One
Photo Credit - Asia One

နိုင်ငံပေါင်း ၅၂ နိုင်ငံဖြတ်ကျော်ပြီး မိုင်ပေါင်း ၃၂၀၀၀ ခရီးကို ပျံသန်းခဲ့ပြီးနောက် ကြာသပတေးနေ့မှာ ဘယ်ဂျီယံနိုင်ငံ Kortrijk-Wevelgerm လေဆိပ်ကို ပြန်လည်ဆင်းသက်လာခဲ့တယ်လို့ သိရပါတယ်။ လေဆိပ်ကို ဆင်းသက်လာချိန်မှာလည်း ပရိသတ်များက အားပေးကြိုဆိုခဲ့ကြတာ တွေ့ရပါတယ်။

Photo Credit - Asia One
Photo Credit - Asia One
Photo Credit - Asia One
Photo Credit - Asia One

သူမဟာ ၂၀၁၇ ခုနှစ်ကလည်း အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးနဲ့ တစ်ကိုယ်တော် ကမ္ဘာပတ်ပျံသန်းကာ အသက်အငယ်ဆုံး ကမ္ဘာပတ်ပျံသန်းနိုင်သူ အမျိုးသမီးအဖြစ် စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်နဲ့ တစ်ကိုယ်တော် ကမ္ဘာပတ် ပျံသန်းခဲ့တဲ့ အသက်အငယ်ဆုံး အမျိုးသားကတော့ အမေရိကန်နိုင်ငံသား မေဆွန် အန်ဒရူးစ်ဖြစ်ပြီး သူဟာ ၂၀၁၈ ခုနှစ်က အသက် ၁၈ နှစ်အရွယ်မှာ ပျံသန်းခဲ့ပြီး စံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။

Photo Credit - Asia One
Photo Credit - Asia One
Photo Credit - Asia One
Photo Credit - Asia One

သတင်း အရင်းအမြစ်Source - Asia One

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T