အာကာသကြီးကို စူးစမ်းလေ့လာတဲ့ကိစ္စရပ်တွေဟာ လပေါ်ကိုခဏသွားတာကနေ အခြေစိုက်စခန်းဆောက်ပြီး နိုင်ငံတကာအာကာသစခန်း ISS ကိုကူညီပေးဖို့ထိ အာရုံစိုက်လာကြပါတယ် အဓိကကတော့ လပေါ်မှာအခြေစိုက်စခန်းဆောက်ပြီး လူတွေပါသွားရောက်စမ်းသပ်နေထိုင်နိုင်ဖို့ပါ အမေရိကန်က လူသားတွေကို လပေါ်ပြန်ပို့နိုင်ဖို့ ကြိုးစားနေချိန် တရုတ်ကလည်း နောက်ကျကျန်မနေပါဘူး
တရုတ်သိပ္ပံပညာရှင်တွေဟာ မြေဆွဲအားနည်းနည်းပေါ်မှာ နည်းပညာတွေနဲ့ ပစ္စည်းတန်ဆာပလာတွေကို စမ်းသပ်ဖို့အတွက် လအတုတစ်ခုကို ကမ္ဘာပေါ်မှာပဲ တီထွင်ထားကြပါတယ် Jiangsu စီရင်စုရဲ့ အရှေ့ဖက်မှာ လနဲ့ပတ်သက်တဲ့ Mission တွေအတွက် အထောက်အကူဖြစ်စေနိုင်ဖို့ လေ့လာနေကြတာဖြစ်ပါတယ်
လရဲ့ မြေဆွဲအားဟာ ကမ္ဘာ့ဆွဲအားရဲ့ ခြောက်ပုံတစ်ပုံလောက်သာရှိပါတယ် ကမ္ဘာ့ဆွဲအားကို ပြန်ပြုပြင်ပြီး အဲ့လိုပတ်ဝန်းကျင်တစ်ခုဖန်တီးနေတာဟာ လမျက်နှာပြင်ပေါ်မှာ စူးစမ်းလေ့လာဖို့နဲ့ တခြားလုပ်ငန်းတွေအများကြီးအတွက် အကျိုးပြုနိုင်မှာပါ အမေရိကန်ရဲ့ နာဆာကလည်း သိပ္ပံပညာရှင်တွေကို လပေါ်ထပ်ပို့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်
တရုတ်ရဲ့လအတုဟာ အချိန်တော်တော်ကြာတဲ့အထိ မြေဆွဲအားကို လျှော့ချထားပေးနိုင်တယ်လို့သိရပါတယ် ဒါကြောင့်တရုတ်အာကာသယာဥ်မှူးတွေဟာ မြေဆွဲအားကို လျှော့ချပေးတဲ့ Parabolic Flight လေ့ကျင့်မူတွေအပေါ် အားကိုးစရာမလိုတော့ပဲ သူတို့ကိုယ်တိုင် မြေဆွဲအားနည်းတဲ့နေရာမှာ Rover ယာဥ်အသစ်တွေနဲ့ နည်းပညာတွေကို စမ်းသပ်ဖို့ လေ့ကျင့်နိုင်တော့မှာပါ
“မြေဆွဲအားနည်းအောင်လုပ်ပေးနိုင်တဲ့ လေယာဥ်တို့ တခြားမျှော်စင်တို့ဆိုတာ ခဏလေးပဲသုံးလို့ရတယ်”လို့ ဒီပရောဂျက်ကို ဦးဆောင်နေသူ တရုတ်မိုင်းတူးဖော်ရေးနဲ့ နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင် Li Ruilin က South China Morning Post သတင်းစာကိုပြောခဲ့ပါတယ် သူတို့တည်ထွင်ထားတဲ့ လအတုကတော့ အချိန်ကြိုက်သလောက်သုံးလို့ရတယ်လို့ပြောပါသေးတယ်
Simulator လအတုထဲမှာဆိုရင် လမျက်နှာပြင်နဲ့တူအောင် ဖုန်တွေ ကျောက်တွေကိုပါ ထည့်ထားသေးတယ်လို့သိရပါတယ် ပြဿနာတစ်ခုရှိတာကတော့ အရွယ်အစားပါ Simulator ဟာ ဒိုင်ယာမီတာ နှစ်ပေလောက်သာရှိတာမလို့ စနစ်တကျလှုပ်ရှားနိုင်လောက်စရာ နေရာမရှိပါဘူး ပစ္စည်းတွေကိုစမ်းသပ်ဖို့လောက်သာသုံးလို့ရပြီး လူတစ်ယောက်သေချာ ကျကျနနလေ့ကျင့်နိုင်ဖို့ခက်ခဲပါတယ်
အဲ့ပရောဂျက်ကို လုပ်ကိုင်နေတဲ့ သိပ္ပံပညာရှင်တွေရဲ့ပြောစကားအရ သူတို့ဟာ ၁၉၉၇ ခုနှစ်က Andre Geim ဆိုသူရဲ့ စမ်းသပ်ချက်တစ်ခုကို စံယူခဲ့တာလို့သိရပါတယ် သူဟာသံလိုက်တွေကိုအသုံးပြုပြီး ဖားတစ်ကောင်ကို လေပေါ်မှာဝဲနေစေဖို့ ကြိုးစားခဲ့တာပါ တကယ်လို့ ဖားကို အားကောင်းတဲ့ သံလိုက်စက်ကွင်းပေါ်မှာ ၁၈၀ ဒီဂရီစောင်းပြီးထားထားမယ်ဆို တွန်းကန်မူတွေကြောင့် ဖားအပေါ်သက်ရောက်တဲ့ မြေဆွဲအားကို ဟန်ချက်ညှိပေးထားနိုင်ပြီး ဖားဟာ လေပေါ်မှာဝဲနေမယ်ဆိုတဲ့ စမ်းသပ်ချက်ဖြစ်ပါတယ်