အမျိုးသမီးတွေ စကတ်တိုဝတ်လို့ဆိုပြီး ကားရှေ့ခန်းမှာ ပေးမထိုင်တဲ့ ယူဂန်ဒါနိုင်ငံရဲ့ ဥပဒေ

//s9.kh1.co/97/97ae49484e77f22cc671c468e053b25b73410b4c.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

ယူဂန်ဒါနိုင်ငံမြောက်ပိုင်းက ကုန်သည်များ အစည်းအရုံးဟာ အမျိုးသမီးများ ကုန်တင်ကား ရှေ့ခန်းမှာ ထိုင်တာကို ကန့်သတ်လိုက်ပါတယ်။ အကြောင်းရင်းကတော့ စကတ်တိုတိုလေးတွေနဲ့ ပေါင်တံတွေကို မြင်ရင် ယာဥ်မောင်းတွေ အာရုံများပြီး ကားမတော်တဆမှုတွေ ဖြစ်ရလို့ပါတဲ့။

©Bangkok Post
©Bangkok Post

လိုင်ရာမြို့မှာဆိုရင် ယာဥ်မောင်းတွေဟာ ကိုယ့်ဇနီးကိုတောင် ကားရှေ့ခန်းမှာ ပေးမထိုင်ရဆိုပြီး အမိန့်ထုတ်ထားပါတယ်။ ဒီလိုလုပ်ရခြင်းဟာ လုံခြုံရေးအတွက်ပါဆိုပြီး သူတို့က ဆိုပါတယ်။ ဇန်နဝါရီ ၁၀ညရက်နေ့က ဖြစ်ပွားခဲ့တဲ့ ယာဥ်မတော်တဆမှုမှာ ကုန်သည် ၉ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့ပါတယ်။ မတော်တဆ ဖြစ်ရခြင်းရဲ့ အကြောင်းရင်းဟာ အရှိန်များခြင်း၊ စည်းကမ်းမလိုက်နာခြင်းတို့အပြင် အမျိုးသမီးတွေ ရှေ့ခန်းမှာ ထိုင်နေတာလည်း ပါတယ်ဆိုပြီး လိုင်ရာမြို့ ကုန်သည်တစ်ယောက်က AFP သတင်းဌာနကို ပြောပါတယ်။

©google
©google

အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ အဲလစ် ကဘိဂျ်ကတော့ ဒီတားမြစ်မှုဟာ မယောင်ရာ ဆီလူးတာ ဖြစ်ပြီး အစွန်းရောက် မဟာဖိုဝါဒီတွေရဲ့ လုပ်ရပ်လို့ ဆိုပါတယ်။ ဒါဟာ ယူဂန်ဒါရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ "ကျားမ မရွေး နေ့စဥ်ဘဝမှာ တန်းတူ အလုပ်လုပ်ခွင့်ရှိသည်" ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။

Ref : Bangkok Post

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T