နာဇီတွေရဲ့ အောက်ရှ်ဝဒ်စ် ငရဲခန်းက လွတ်မြောက်လာခဲ့သူ ဖွားဖွားကြီးရဲ့ ကြည်နူးဖွယ်နေ့ရက်များ

//s9.kh1.co/49/49cb41578f32fc7b2b08be2b65d22d2b2fbbc09f.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဇန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

တစ်ချိန်က ဂျူးတွေကို ရက်စက်စွာ နှိက်စက်ခဲ့တဲ့ အောက်ရှ်ဝဒ်စ် အကျဥ်းထောင်မှာ နေခဲ့ရတဲ့ ဖွားဖွားကြီး လီလီ (Lily Ebert) ခုတော့ အသက် ၉၈ နှစ် ရှိနေပါပြီ။ မြစ်ပေါင်း ၃၅ ယောက်တောင် ရှိပြီး တစ်တော့မှာပါ နာမည်ကြီးလာတဲ့ လီလီဟာ တစ်ချိန်ကတော့ သူ့ကိုယ်သူ အသက်မရှင်နိုင်တော့လောက်ဘူးလို့ ထင်ခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/a9/a94cdeae4c9b972090c72875779da0518f99c985.jpg

ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ လီလီဟာ အသက် ၂၀ အရွယ်မှာ အမေရယ် မောင်နှမတွေရယ်နဲ့အတူတူ နာဇီတွေရဲ့ ဖမ်းဆီးအကျဥ်းချခြင်းကို ခံခဲ့ရပါတယ်။ အဲဒီအကျဥ်းစခန်းမှာပဲ လီလီ့အမေ အသတ်ခံခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ လီလီတို့ ညီအစ်မတွေကတော့ ငရဲခန်းက လွတ်မြောက်ခဲ့ပြီး ဆွစ်ဇာလန်ကို ရောက်လာခဲ့ပါတယ်။ အဲဒီမှာ ခက်ခက်ခဲခဲ အသက်ရှင် ရုန်းကန်ခဲ့ရပါတယ်။ အဲဒီကနေ အစ္စရေးကို ပြောင်းပြီးနောက် ခင်ပွန်းဖြစ်သူနဲ့ အကြောင်းပါခဲ့ပါတယ်။ သားသမီး ၃ ယောက် ရပြီး ၁၉၆၇ မှာ လန်ဒန်ကို ရောက်လာခဲ့ကြပြီး အခုလည်း လန်ဒန်မှာ နေထိုင်နေပါတယ်။

https://s9.kh1.co/__image/w=650,h=417,q=100/f5/f5356f18ea566dcd9e3be3d8547bad8eaae65283.jpg

သူမဟာ မိခင်ပေးထားခဲ့တဲ့ ရွှေဆွဲကြိုးလေးကို အမှတ်တရ အနေနဲ့ အမြဲဝတ်ဆင်ထားခဲ့ပါတယ်။ ပြီးတော့ သူ အသက်ရှင်နေသရွေ့ သူတို့ ခံစားခဲ့ရတဲ့အကြောင်းတွေကို နောင်လာနောက်သားတွေ သိအောင် ပြောပြသွားမယ်လို့ ​ကတိပြုထားပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/af/af9d56061d815050c2a232a631d79d52fb0bf5d4.jpg

၂၀၂၁ ဒီဇင်ဘာမှာ အသက် ၉၈ ပြည့်မွေးနေ့ပွဲလေး ပြုလုပ်ခဲ့တဲ့ လီလီဟာ သားသမီး မြေးမြစ်များ ခြံရံပြီး ဘဝကို လုံခြုံနွေးထွေးစွာ ဖြတ်သန်းနေပါတယ်။ "နာဇီတွေကို လက်စားချေဖို့ အကောင်းဆုံးနည်းဟာ ကလေးလေးတွေ မွေးထုတ်ခြင်းပဲ" လို့ သူမက ဆိုပါတယ်။ သူမရဲ့ မြေးလေးက လီလီ့နာမည်နဲ့ တစ်တော့အကောင့် ဖွင့်ပေးခဲ့ရာ အရမ်းအောင်မြင်နေပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/86/8626a6209f55d34773c51a3ad8f925cd746c6a13.jpg

အဲဒီ တစ်တော့မှာ လီလီက အောက်ရှ်ဝဒ်စ်က အကြောင်းတွေကို ပြန်ပြောပြလေ့ရှိပါတယ်။ သမိုင်းကို နောက်လူတွေသိအောင် ပြန်ပြောရတဲ့ ရည်ရွယ်ချက်က ထပ်မလုပ်မိစေအောင်ပါတဲ့။ သူမကတော့ "ကျွန်မ ငရဲခန်းကနေ ရှင်လျက်လွတ်မြောက်လာမယ်လို့ ဘယ်တော့မှ မထင်ခဲ့ဘူး။ သူတို့ အနိုင်မရဘူး။ အခု ကျွန်မ အသက် ၉၈ နှစ်အထိ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေနေတယ်" ဆိုပြီး ပြောပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်လွန်းတဲ့ လီလီပါပဲ။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T