ဇန်နဝါရီ(၂၀)ရက်ကနေ (၂၃)ရက်အတွင်း အချိန် အခါမဟုတ် မိုးရွာအုံးမည်ဟု ဆို

//s9.kh1.co/40/40c330b089edddd117eeb6b951263d85f866015a.jpg
နေ့စဉ်သတင်းများ

 ၁၉-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

လာမယ့် ဇန်နဝါရီ (၂၀)ရက်နေ့မှစကာ...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လာမယ့် ဇန်နဝါရီ (၂၀) ရက်နေ့ ၊ မနက်ဖန် ကနေ ဇန်နဝါရီ(၂၃) ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ အချိန် အခါမဟုတ် မိုးရွာသွန်းနိုင်သေးတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်လိုက်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အနောက်ဘက်မှရွေ့လျားလာသော လေပွေများကြောင့်သော်လည်းကောင်း ၊ ကပ္ပလီ ပင်လယ်အော်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးများတွေ့ဆုံမှုကြောင့်သော်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းတာဖြစ်တယ်လို့ ဆိုပါတယ်။ ထို အချိန်အခါမဟုတ် မိုးရွာသွန်းမှုဟာ ဇန်နဝါရီ (၂၀)ရက်နေ့မှ (၂၃) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာလာနိုင်တယ်လို့ဆိုထားပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကျဲကျဲရွာသွန်းနိုင်သေးတယ်လို့လည်းဆိုပါတယ်။ အချိန်အခါမဟုတ်မိုးရွာခြင်းကြောင့် မိုးထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း နှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်တဲ့အတွက် ပြည်သူများအနေနဲ့ သတိထားစေနိုင်ရန် ဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T