ထူးထူးဆန်းဆန်း ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အာကာသယာဉ်မှူးတွေ

//s9.kh1.co/59/596cc389624f3cb4851cf97db989047748affe50.webp
ဗဟုသုတအဖြာဖြာ

 ၁၈-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

သွေးထဲက အရေးအကြီးဆုံးအပိုင်းမှာ ပြဿနာတက်နေတာဖြစ်ပါတယ်

အာကာသယာဉ်မှူးတွေဟာ အာကသထဲသွားပြီး ကမ္ဘာကိုပြန်ရောက်ချိန်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုနဲ့ ကြုံနေရပါတယ် ဘာကြောင့်အဲ့လိုဖြစ်ရလဲဆိုတာ မသိသေးပဲ ကမ္ဘာမြေပေါ် ပြန်ရောက်ချိန်မှာပါ အဲ့ဖြစ်ရပ်ကဆက်ဖြစ်နေတာပါNature Medicine ကထုတ်ပြန်တဲ့ ‌လေ့လာချက်တစ်ခုမှာ အာကာသထဲမှာ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲက သွေးနီဥပျက်စီးမူနှုန်းဟာ ကမ္ဘာပေါ်မှာပျက်စီးနှုန်းထက် အများကြီးပိုများနေပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ် သွေးနီဥ ပျက်စီးတာကို ဆေးပညာ‌အခေါ်အဝေါနဲ့ ဟီမိုလစ်ဇစ်လို့ခေါ်ပါတယ် 

သွေးနီဥများ
သွေးနီဥများ

လေ့လာချက်မှာ “လူသားတွေ ကမ္ဘာ့အပြင်ကိုသွားဖို့ စီစဉ်လာကြတာကြောင့် အာကာသထဲက ကျန်းမာရေးအခြေအနေတွေကို နားလည်အောင်ကြိုးစားမှသာ လုံခြုံစိတ်ချရတဲ့ခရီးတွေကို သွားလာနိုင်မယ်”လို့ရေးသားထားပါတယ်လေ့လာသူတွေဟာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာ အလုပ်လုပ်နေတဲ့ အာကာသယာဉ်မှူး ၁၄ ယောက်နဲ့အတူ ခြောက်လတိတိ စမ်းသပ်ချက်တွေလုပ်ခဲ့ပါတယ်

Credit:NASA
Credit:NASA

ဘယ်လိုစမ်းသပ်ချက်လဲဆို အာကာသထဲကလူတွေဟာ ခဏခဏဘူးလေးတွေထဲ အသက်ရှူထုတ်ပြီး ထည့်ထားရပါတယ် ပြီးရင်အဲ့ဘူးလေးတွေကို ကမ္ဘာပေါ်ပြန်ယူလာရတာပါ ဘူးတွေထဲမှာပါတဲ့ ကာဗွန်မိုအောက်ဆိုဒ်ပမာဏကို လေ့လာသူတွေက စစ်ဆေးကြည့်ပြီး ဒီရလဒ်ကိုသိရတာပါ ခန္ဓာကိုယ်ထဲမှာ သွေးနီဥတွေသေဆုံးသွားတိုင်း ကာ‌ဗွန်မိုအောက်ဆိုဒ်တွေ ထွက်လာတတ်ပါတယ် ရလဒ်ကတော့ တစ်စက္ကန့်တိုင်းမှာ အာကာသယာဉ်မှူးတစ်ယောက်ဟာ သွေးနီဥပေါင်း သုံးသန်းလောက် ဆုံးရှုံးနေရတာဖြစ်ပါတယ် ကမ္ဘာပေါ်ကလူတစ်ယောက်ရဲ့ဆုံးရှုံးနှုန်းထက် ၅၄ % လောက် ပိုများနေတဲ့ပမာဏပါ

Credit:NASA
Credit:NASA

၁၃ ယောက်မှာ ၅ ယောက်လောက်ဟာ ကမ္ဘာပေါ်ပြန်ရောက်ချိန်မှာလည်း အဲ့ဒဏ်ကိုခံစားနေရပါသေးတယ် တစ်နှစ်လောက်ကြာပြီးချိန်မှာတောင် သူတို့သွေးနီဥသေဆုံးနှုန်းက အာကာသထဲမရောက်ဖူးသူထက် ပိုများနေဆဲပါ 

လေ့လာသူတွေက ဒါဟာရိုးတွင်းခြင်‌ဆီနဲ့ သရက်ရွက်ကြောင့်ဖြစ်တယ်လို့ ထင်ကြေးပေးထားပြီး အဲ့အပိုင်းတွေကို သေချာစစ်ဆေးဖို့ စီစဉ်ထားပါတယ်

သွေးနီဥတွေဟာ ခန္ဓာကိုယ်မှာ စွမ်းအင်ပမာဏကို ထိန်းထားဖို့နဲ့ ဒဏ်ရာတွေကို ကုသပေးတဲ့နေရာမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T