ရက်ပေါင်း ၁၀၀ ပြည့်ရင် ချက်စားဖို့ရည်ရွယ်ချက်နဲ့ ဝက်မွေးခဲ့တဲ့ ဂျပန် YouTuber

//s9.kh1.co/1a/1a32ddbcf21f7a9c96d7ad75628540770465cfdb.jpeg
ဗဟုသုတအဖြာဖြာ

 ၁၇-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

သူ့ရည်ရွယ်ချက်ကတော့ မဆိုးဘူးပြောရမှာပါပဲ

Kalbi ဆိုတဲ့ပန်းရောင်ဝက်ကလေးဟာ တခြားအိမ်မွေးတိရစ္ဆာန်လေးတွေလိုမျိုး ဂရုတစိုက် မွေးမြူခံခဲ့ရပါတယ် ဒါပေမဲ့ သုံးလေကျော်ကျော်လောက်ထိပဲ သူ့ကံကောင်းခဲ့ပါတယ်

Kalbi ဆိုတာရဲ့အဓိပ္ပါယ်က ကိုရီးယားလို ဝက်နံရိုးလို့ခေါ်ပါတယ် ပိုင်ရှင်က ဒီဝက်ကလေးကို ကလေးလေးလို အဝတ်တွေဝတ်ပေး၊စောင်နဲ့နွေးနွေးထွေးထွေး ထားပေးခဲ့ပြီး ဝက်လေးရဲ့ Video တွေကို YouTube ပေါ်မှာတင်ခဲ့ကာ စစချင်းတစ်ပတ်နှစ်ပတ်အတွင်း Subscribe ပြုလုပ်သူ တစ်သိန်းကျော်ရရှိခဲ့ပါတယ်

ဝက်ကလေး Kalbi
ဝက်ကလေး Kalbi

ဒါပေမဲ့ အဲ့ဒီချစ်စရာ Video တွေကြားမှာပဲ ဝက်သားအစိမ်းတွေကိုရိုက်ထားတဲ့ Video တစ်ခုကိုမြင်ရပါတယ် ဘာကြောင့်လဲဆိုရင်တော့ ဝက်ပိုင်ရှင် YouTuber ရဲ ဝက်ကလေးကိုမွေးပြီး ရက် ၁၀၀ ကြာရင် စားပစ်လိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ 

ကြည့်ရှူသူပရိသတ်တွေဟာ Kalbi ကိုမစားပစ်ဖို့တောင်းပန်ခဲ့ကြပြီး YouTuber ကိုရူးနေသူတစ်ယောက်လို့ပါ စွပ်စွဲခဲ့ကြပါတယ် “ကိုယ့်ကိုတစ်ယောက်ယောက်က အရမ်းချစ်နေတယ်လို့ ခံစားရပြီးမှ အဲ့လူကကိုယ့်ကိုသတ်ဖို့စောင့်နေတာကို သိရရင် ဘယ်လိုခံစားရမလဲ” လို့ပရိသတ်တစ်ယောက်က မှတ်ချက်ရေးခဲ့ပါသေးတယ်

ရက်တစ်ရာပြည့်ခဲ့တဲ့ စက်တင်ဘာ ၁ရက်နေ့မှာတော့ “Eaten Pig after 100 days”ဆိုတဲ့ Captions နဲ့ Video ထဲမှာ ဘူးထဲကဝက်သားတွေကို ဟင်းခတ်အမွှေးအကြိုင်တွေထည့် ချက်ပြုတ်နေတဲ့ Video တစ်ခုကို တင်ခဲ့ပါတယ်

ဝက်သားဟင်းချက်ပြတဲ့ Video

“ရက်စက်တယ်” “ရွံဖို့ကောင်းတယ်”ဆိုတဲ့မှတ်ချက်‌တွေ အများအပြားရရှိခဲ့တဲ့ YouTuber ဟာအသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တာတွေ ရှိလာကြောင်းပြောခဲ့ပါတယ် သူဟာခြိမ်းခြောက်မူတွေကို ကြောက်ပေမဲ့ လူတွေနေ့တိုင်းစားနေတဲ့ အသားတွေဟာ Kalbi လိုချစ်စရာ တိရစ္ဆာန်လေးတွေဆီကနေပဲ လာတာဖြစ်ကြောင်း လူတွေက အစားအသောက်တွေကို အပိုအလျှံတွေ အများကြီးသုံးစွဲမူကြောင့် တိရစ္ဆာန်အများကြီး သေနေရကြောင်း အဲ့အကြောင်းတွေကို လူတွေသေချာသိစေဖို့အတွက် Kalbi ကိုသံယောဇဉ်တွယ်နေမှရမှာမလို့ ဒီလိုလုပ်ရတာဖြစ်ကြောင့် Vice သတင်းဌာနကိုပြောခဲ့ပါတယ်

Kalbi ကိုဆုတောင်းပေးထားပုံ
Kalbi ကိုဆုတောင်းပေးထားပုံ

ဝက်သားတွေကို ဆေးကြော၊ဟင်းခတ်အမွှေးအကြိုင်တွေနဲ့နယ်ဖတ်ပြီး ကင်ခဲ့တဲ့ Video အပြီးမှာ ပိုင်ရှင်ဟာ Kalbi အတွ် ဆုတောင်းပေးနေတာကိုတောင် တွေ့ခဲ့ရပါသေးတယ် 

ဒါပေမဲ့ အဲ့ Video တွေတင်ပြီးမကြာခင်မှာ Kalbi ရဲ့ Video နောက်တစ်ခုကိုထပ်တင်ခဲ့ပြီး ချက်ခဲ့တာဟာ Kalbi မဟုတ်ပဲ ဝက်သားဝယ်ချက်ခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်

ဇန်နဝါရီ ၁၂ ရက်နေ့ကမှတင်ခဲ့တဲ့ Kalbi ရဲ့ Video

တချို့ပရိသတ်တွေက စိတ်သက်သာသွားကြပေမဲ့ တချို့တွေကတော့ ချစ်စရာဝက်ကလေးပုံကိုသုံးပြီး သူတို့ခံစားချက်တွေကို အသုံးချတယ်လို့ ဝေဖန်ခဲ့ကြတုန်းပါ

လူမျိုးစုံက သူ့ Channel ရဲ့ရည်ရွယ်ချက်ကို မျိုးစုံမြင်ကြလိမ့်မယ်လို့ ပြောခဲ့တဲ့ YouTuber ဟာသူ့ရည်ရွယ်ချက်အစစ်ဖြစ်တဲ့ “နောက်ဆို သူ့ပရိသတ်တွေက အသားဟင်းတွေချက်ရင်းနဲ့ တိရစ္ဆာန်တွေကို နည်းနည်းကျေးဇူးတင်စိတ် ဖြစ်လာလိမ့်မယ်”ဆိုတာကို ရခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ် 

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T