စင်ကာပူမြေပေါ်မှာ ဆူဇူကီးဆုဖလားကို ရယူနိုင်ခဲ့တဲ့ ထိုင်းလက်ရွေးစင်အသင်းကို သုဝဏ္ဏဘူမိလေဆိပ်မှာ ပြည်သူများက လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာကြိုဆို

//s9.kh1.co/5c/5c862ca34733f2e3dfbe8b0395326f476e64c222.jpg
အားကစားသတင်းများ

 ၀၃-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

၂၀၂၂ နှစ်သစ်မှစလို့ ကံကောင်းခြင်းတွေနဲ့အတူ AFF Championship ချန်ပီယံဆုဖလားကြီးကို ထိုင်းလက်ရွေးစင်အသင်းကတော့ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကျင်းပပြုလုပ်တဲ့ (၁၃) ကြိမ်မြောက် နှစ်ပတ်လည် ဆူဇူကီးဖလားပြိုင်ပွဲမှာ ထိုင်းအသင်းဟာ နောက်ဆုံးဗိုလ်လုပွဲကြီးကို တက်ရောက်ခဲ့ပြီး အင်ဒိုနီးရှားလက်ရွေးစင်အသင်းနဲ့ ပထမကျော့ ၊ ဒုတိယကျော့ဖြစ် ပွဲစဥ် နှစ်ပွဲယှဥ်ပြိုင်ခဲ့ကာ ပွဲစဥ် နှစ်ပွဲပေါင်း (၆-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး AFF Championship ချန်ပီယံဆုဖလားကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - The Nation Thailand
Photo Credit - The Nation Thailand
Photo Credit - The Nation Thailand
Photo Credit - The Nation Thailand

ဒါ့အပြင် နောက်ဆုံးဆုပေးပွဲမှာ ဆုဖလားအပြင်ထိုင်းအသင်းဟာ အာဆီယံဘောလုံးအဖွဲ့ချုပ်ထံမှ ဆုငွေ စင်ကာပူဒေါ်လာ (၁.၈) သန်းကိုလည်း ရရှိခဲ့ပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲကြီးကို အတူတက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှားလက်ရွေးစင်အသင်းဟာ ဗိုလ်လုပွဲကို ခြောက်ကြိမ် နဲ့ အကြိမ်အများဆုံးတက်ရောက်နိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ဒီနှစ်မှာပါ ချန်ပီယံဆုကို ထပ်မံလွဲချော်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - The Nation Thailand
Photo Credit - The Nation Thailand
Photo Credit - The Nation Thailand
Photo Credit - The Nation Thailand

ထိုင်းအသင်းကတော့ စနေနေ့မှာ ဆဋ္ဌမအကြိမ်မြောက် AFF Championship ဖိုင်နယ်ကို အနိုင်ရရှိပြီးနောက် တနင်္ဂနွေနေ့မွန်းလွဲပိုင်းမှာ ထိုင်းလက်ရွေးစင်အသင်းက သုဝဏ္ဏဘူမိလေဆိပ်သို့ ဆုဖလားကြီးနဲ့အတူ ပြန်လည်ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။ သုဝဏ္ဏဘူမိလေဆိပ်ကို ဆုဖလားကြီးနဲ့အတူ ပြန်လည်ရောက်ရှိတဲ့ ထိုင်းလက်ရွေးစင်အသင်းကို သတင်းထောက်အများအပြားဖြင့် အားပေးခဲ့ကြတဲ့ ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit - The Nation Thailand
Photo Credit - The Nation Thailand
Photo Credit - The Nation Thailand
Photo Credit - The Nation Thailand
Photo Credit - The Nation Thailand
Photo Credit - The Nation Thailand

သတင်း အရင်းအမြစ်Source - The Nation Thailand

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T